Arc(2.3)

10K 1.6K 30
                                    

Unicode

Arc(2.3) - Saint Magus

လီလျိုကကြမ်းပြင်ပေါ်မှာခင်းထား သည့်ကော်ဇောပေါ်တွင်ထိုင်နေပြီး ခေါင်းကိုအနည်းငယ်ငုံ့ကာသူ့ရဲ့လျှာ လေးကိုထုတ်၍ရှေ့မှာချပေးထားသည့် ပန်းကန်သေးသေးလေးထဲကနို့ကို လျှက်နေသည်။

မွေးကာစအကောင်ပေါက်လေးအနေနဲ့ သူ့မှာအခုချိန်ထိနို့ကလွဲရင်စားနိုင်တဲ့ အရာဘာမှမရှိဘူးလေ

ကံကောင်းစွာနဲ့နို့အရသာကတော် တော်လေးအရသာရှိနေတာပဲပြီးတော့ အရမ်းလည်းကြွယ်ဝတယ်။အဲ့ဒါက သူ့ကမ္ဘာကsupermarketsတွေမှာ ရောင်းတဲ့နို့ရဲ့ချိုမြိန်မှုအရသာလုံးဝ မရှိတဲ့နို့နဲ့မတူဘူး

အဲလ်ဗစ်ကလီလျိုဘေးမှာရှိသည့် ဆိုဖာပေါ်တွင်စာအုပ်တစ်အုပ်ကိုကိုင် ၍ထိုင်နေသည်။ထိုစာအုပ်ကဖွင့်ထားပြီး သူ့ပုံစံကစာကိုအလေးအနက်ဖတ်နေ သည့်ဟန်ရှိသော်လည်းအမှန်ကတော့ တစ်ချိန်လုံးသူ့မျက်လုံးထောင့်ကတစ် ဆင့်နို့ကိုငုံ့သောက်နေသည့်လီလျိုကို သာခိုးကြည့်နေခဲ့တာဖြစ်သည်။

လီလျိုနို့အားလုံးကိုသောက်လို့ပြီးခါ နီးပြီဆိုတာကိုတွေ့သောအခါအဲလ်ဗစ် ကချက်ချင်းရှေ့သို့မှီချလိုက်ပြီးထို ခန္တာကိုယ်သေးသေးလေးအားလက် တစ်ဖက်တည်းဖြင့်အလွယ်တကူဆွဲမ လိုက်ကာသူ့ပေါင်ပေါ်တင်ပေးလိုက်ရင်း လီလျိုရဲ့နူးညံ့သည့်အမွှေးနုနုလေးများ အားပွတ်သပ်ပေးလိုက်သည်။ထို့နောက် မှာတော့သူ့ရဲ့သွယ်လျသည့်လက်ချောင်း ဖြင့်လီလျိုရဲ့မေးစေ့လေးအားဖြည်းငြင်း စွာမော့တင်လိုက်၏။

"အသေးလေး...ငါမင်းကိုနာမည် ပေးရမလား?"

လီလျိုမှာကြောင်တစ်ကောင်ရဲ့သဘာဝ ကိုမလွန်ဆန်နိင်ပဲအဲလ်ဗစ်ကသူ့မေးစေ့ လေးကိုပွတ်ပေးနေသောအခါသက် တောင့်သက်သာဖြစ်နေသည့်အသံလေး ထုတ်နေမိသည်။အဲလ်ဗစ်ရဲ့စကားကို ကြားသောအခါသူကသူ့ခေါင်းလေးကို မော့လိုက်ပြီးသူ့ရှေ့ခြေတစ်ဖက်အား အသုံးပြုကာသူ့မေးစေ့ကိုပွတ်ပေးနေ သည့်အဲလ်ဗစ်ရဲ့လက်ချောင်းကိုဆွဲယူ၍ 'မြှောင်'ဆိုသည့်နူးညံ့သည့်အသံလေး ပြုလိုက်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now