Unicode
Arc(1.8)
The wild Dragon Proud DayWarning ပိစိ🔞
" အိုး..." ညည်းညူညည်းတွားသံများစွာထွက်ပေါ်လာပြီးအနက်ရောင်အဝတ်အစားများဝတ်ဆင်ထားသည့်လူသုံးယောက်သည်မြေပေါ်မှာသွေးအန်သွားတော့သည်။
အခန်း၏အဓိကထိုင်ခုံပေါ်တွင်ဖြောင့်မတ်စွာထိုင်နေသည့်နန်ကုန်းအောင်သည်သူ့အောက်မှာရှိသည့်လူသေအလောင်းသုံးလောင်းအားကြည့်လိုက်၏။
ဤလူများသည်နန်ကုန်းအိမ်တော်သို့ဝင်ရောက်ရန်ကြိုးစားနေကြသည့်သုံးကြိမ်မြောက်အနက်ရောင်ဝတ်လူများဖြစ်သည်။ထို့အပြင်နန်ကုန်းအိမ်တော်၏ပတ်ဝန်းကျင်တွင်လည်းမကြာခဏအရောင်းအဝယ်သမားများသို့မဟုတ်သာမန်လူများအဖြစ်အသွင်ပြောင်းထားသောသူလျှိုများနှင့်ပြည့်နှက်နေသည်။
ချင်ယုကသူ့လက်များကိုစားပွဲခုံသေးသေးလေး၏ဘေးသို့ကိုင်ထားရာမှဖယ်လိုက်ပြီးထိုစားပွဲခုံအားလက်ချောင်းများဖြင့်အကြိမ်အနည်းငယ်ခေါက်နေသည်။
"ကြည့်ရတာချင်ယန်ကကျွန်တော်တို့အပေါ်မှာအာရုံစိုက်နေပြီထင်တယ်..အဲ့ဒါဆိုရင်တော့ဒီအခွင့်အရေးကိုအသုံးချပြီးသူ့သံသယကိုမှန်သွားအောင်လုပ်ပေးလိုက်တာကကောင်းလိမ့်မယ်ကျွန်တော်သေသွားပြီဆိုပြီးယုံကြည်နေတဲ့သူ့ရဲ့ယုံကြည်ချက်ကိုဖျက်ဆီးပြရတာပေါ့...ကျွန်တော်တစ်ချိန်လုံးအသက်ရှင်နေခဲ့တယ်ဆိုတာကိုတွေ့သွားရင်ဖြစ်သွားမယ့်သူ့မျက်နှာကိုမြင်ခြင်သေးရဲ့"
နန်ကုန်းအောင်ကအနည်းငယ်စဉ်းစားလိုက်ပြီးခေါင်းညိ့မ်ပြလိုက်သည်။အမှန်မှာယခုအချိန်သည်ချင်ယန်အားကြိုတင်ပြင်ဆင်မှုမရှိဘဲထိုးနှက်ရန်အချိန်ရောက်လာပြီဖြစ်၍ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသောအခိုက်အတန့်ဖြစ်သည်။
ထိုအချက်အားစဉ်းစားလိုက်ပြီးနောက်နန်ကုန်းအောင်မှာမနေနိုင်တော့ပဲချင်ယုအားကြည့်လိုက်မိသည်။အစပိုင်းကတည်းကချင်ယုသည်သူတို့လျှို့ဝှက်အကြံအစည်စချကတည်းကသူ့ရဲ့နှိုင်းယှဉ်၍မရသောအသိဉာဏ်နှင့်အခြေအနေကိုတိကျမှန်ကန်စွာဆုံးဖြတ်နိုင်သောသူ့ရဲ့နားလည်မှုကိုပြသခဲ့သည်။ထိုအရာကိုကြည့်ခြင်းအားဖြင့်လက်ရှိအခြေအနေအရချင်ယုသည်ဤအခွင့်အလမ်းကိုအသုံးချဖို့အတွက်လိုအပ်သည့်အရာအားလုံးကိုပြင်ဆင်ပြီးနေပြီဟုပြော၍ရနိုင်သည်။
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...