Arc(1.9)

15.7K 2.2K 22
                                    

Unicode

Arc(1.9)
The Wild Dragon Proud Day

ထိုနေ့ကမြစ်ရေထဲတွင်သူတို့နှစ်ယောက်အပြန်အလှန်ကူညီပေးပြီးကတည်းကလီလျိုမှာအလွန်ကိုရှက်ကြောက်နေမိပြီးနောက်တစ်ခါရေထပ်ချိုးဖို့မသွားရဲတော့ပေ။

အကယ်၍သာဒီလိုကိစ္စမျိုးထပ်ဖြစ်လာလို့တစ်ယောက်ယောက်မြင်သွားရင်သူတို့ဘယ်လိုလုပ်ကြမလဲ?

သို့သော်လည်းအကယ်၍သူသာထိုနေရာသို့ထပ်မသွားရပါကသူနောက်တစ်ခါရေထပ်ချိုးလို့မရတော့ဘူးဖြစ်သည်။ထို့ကြောင့်သူ့မှာထိုကိစ္စကိုဖြေရှင်းဖို့ချင်ယုကိုပြောဖို့ကလွဲရင်တစ်ခြားဖြေရှင်းချက်မရှိတော့ပေ။အဘယ့်ကြောင့်ဆိုသော်ချင်ယု၏တဲထဲတွင်သာရေပုံးရှိသောကြောင့်ဖြစ်၏။

ထို့ပြင်ရွက်ဖျင်တဲများမှာအကန့်အသတ်ရှိသောကြောင့်လည်းသူသည်ချင်ယုနှင့်အတူနေရမြဲပင်ဖြစ်သည်။

သူမေးပြီးနောက်တွင်တော့ချင်ယုကသူတို့နှစ်ယောက်အတူတူရေချိုးနေရသ၍သဘောတူမည်ဟုဆိုခဲ့သည်။ထိုအစီအစဉ်လုပ်ဆောင်ရခြင်းမှာပြဿနာဖြစ်ပွားခြင်းမှသက်သာစေရန်ဖြစ်၏အဘယ့်ကြောင့်ဆိုသော်သူတို့မှာအချိန်မလုံလောက်ပေ။ပြီးတော့လည်းသူတို့အားလုံးသည်လင်မြို့တော်၏ကိုယ်ရံတော်စစ်တပ်နှင့်အတူထိပ်တိုက်ရင်ဆိုင်မှုအနေအထားမှာရှိနေသည်။ထို့ကြောင့်စစ်ပွဲဘယ်တော့စမလဲဆိုတာကိုဘယ်သူမှမပြောနိုင်ပေ။

အခုတလောအချိန်များမှာသူတို့အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်အသားခြင်းထိတွေ့မှုအခြေအနေမျိုးကခဏခဏဖြစ်ပွားနေ၏။သူတို့အိပ်ယာဝင်ကြသည့်အခါမှာလည်းချင်ယုကသူ့ကိုဖက်ထားပြီးမနက်ခင်းထကြွသည့်ကိစ္စကိုလည်းရှောင်ရှား၍မရဖြစ်နေသည်။သို့သော်လည်းချင်ယု၏တောင်းဆိုမှုများကနေ့တိုင်းတိုးတိုးလာပြီးလီလျို၏လက်များမှာသူ့ကိုကူညီပြီးနောက်ပိုင်းနာကျင်သည်အထိပင်ဖြစ်လာသည်။

ပိုပြီးဖြစ်လာတာကတော့ချင်ယုကအခုတစ်လောတွင်သူ့လည်ပင်းကိုတွယ်ကပ်ပြီးသူ့ပါးစပ်ဖြင့်ကြုံရာကျပန်းလိုက်ကိုက်ရသည်ကိုသဘောကျနေခြင်းဖြစ်သည်။သို့သော်သူလုပ်ပြီးသည့်အခါမှာတော့ချက်ချင်းသူ့ကိုနောင်တရသည့်အမူအယာဖြင့်ကြည့်ကာတောင်းပန်ဦးမှာပဲဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now