Arc(3.28)

4.1K 758 6
                                    

Unicode

Arc(3.28)

ချူးဝူရုံကမရေမတွက်နိုင်လောက်သည့်နှစ်ပေါင်းများစွာနေထိုင်ခဲ့တာကြောင့်ခဏလောက်တော့မသေမချာဖြစ်နိုင်သော်ငြားတစ်စုံတစ်ယောက်ကမစင်ကြယ်တဲ့စိတ်ရင်းကိုဖုန်းကွယ်ထားသလားဆိုတာကိုတော့သူဆုံးဖြတ်နိုင်သည်။အရင်ကသူညီအစ်ကိုကောင်းလိုသတ်မှတ်ထားခဲ့သည့်ယွင်ထျန်ဟန်းဆီမှအကြံအစည်နဲ့သတ်ဖြတ်ခြင်းခံခဲ့ရပေမယ့်ပေါ့။

ဒါပေမဲ့တကယ်တမ်းကတော့အဲ့ဒါကလည်းပုံမှန်ပဲဖြစ်သည်။အကြောင်းကတော့ပထမဆုံးအမြင်သည်အားအကောင်းဆုံးဖြစ်ပြီးသူနဲ့ယွင်ထျန်ဟန်းတို့ကဘဝရဲ့သေခြင်းရှင်ခြင်းဖြစ်ရပ်များစွာမှာအတူတကွရင်ဆိုင်ဖြေရှင်းခဲ့ရတာကြောင့်ယွင်ထျန်ဟန်းရဲ့ဝံပုလွေလိုရည်မှန်းချက်ကိုသတိမပြုမိခဲ့တာဖြစ်သည်။

ယခုတော့သူရှင်းရှင်းလင်းလင်းသတိပြုမိလာပြီဖြစ်တာကြောင့်လောလောဆယ်သူသတိပြုမိနေသည့်လူရဲ့အရှိန်အဝါကသူ့အတွက်အတော်လေးစင်ကြယ်နေသည်။

ထိုလူရဲ့ဘေးကလူငယ်လေးသည်လည်းဘေးမှာရှိနေတဲ့အတွေးအမြင်တွေများစွာရှိနေသောသူများထက်သန့်ရှင်းသော်လည်းထိုလူနဲ့နှိုင်းယှဉ်ရင်တော့အနည်းငယ်ပိုဆိုးနေသေးသည်ပင်။ထိုစင်ကြယ်လှသောအရှိန်အဝါကအဲ့ဒီလူတစ်ယောက်တည်းမှာသာခံစားလို့ရသည်။

ဒါ့အပြင်ထိုလူဆီကမက်မွန်းပန်းနံ့သူရနေသည်။

ထို့ကြောင့်ချစ်ရသူရဲ့မက်မွန်ပန်းနံ့ကိုပြန်စဉ်းစားမိပြီးသူ့နှလုံးသားကနောက်တစ်ဖန်နာကျင်ရပြန်သည်။အကယ်၍သူသာပြန်လည်ရှင်သန်နိုင်တဲ့လျို့ဝှက်နည်းလမ်းကိုရှာချင်လို့သာမဟုတ်ဘူးဆိုရင်သူဒီရွှမ်မင်းနန်းတော်ကိုပြန်သိမ်းပိုက်မှာမဟုတ်ချေ။

မကြာသေးမီကထိုလျှို့ဝှက်နည်းလမ်းကိုရှာဖွေရန်သူလွှတ်လိုက်သောလူများတွင်သတင်းများရထားသည်။

ထိုအထိစဉ်းစားမိသောအခါချူးဝူရုံရဲ့မျက်လုံးထဲတွင်ခရမ်းရောင်အလင်းတစ်ချို့ခပ်ဖျော့ဖျော့လင်းသွားသည်။သူသာလျို့ဝှက်နည်းလမ်းကိုရမယ်ဆိုရင်ကုချင်းချန်ကိုကယ်ဆယ်နိုင်ဖို့ဘယ်လိုတန်ဖိုးပဲပေးဆပ်ရပါစေသူတွန့်ဆုတ်နေမှာမဟုတ်ဘူး

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now