Arc(3.1)

7.3K 1K 5
                                    

Unicode

Arc(3.1)
'Immortal Path of Devil Lord'

လီလျိုကမျက်လုံးကိုမှိတ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်ပြီးမှ သူ့လက်ကိုတံခါးလက်ကိုင်တွင် တင်လိုက်ပြိးတံခါးကိုတွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားပြီးနောက်တောက်ပသည့် အဖြူရောင်အလင်းတန်းကလီလျိုအား ချက်ချင်းနှုတ်ဆက်လိုက်သည်;ထိုအဖြူ ရောင်အလင်းတန်းအောက်တွင်လီလျိုမှာ ဘာမှမတတ်နိုင်ပဲသူ့မျက်လုံးကိုမှေးကျဉ်း လိုက်မိရင်းသူမျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်မှာတော့လီလျိုရဲ့ရှေကမြင်ကွင်း တစ်ခုလုံးကပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လီလျိုကအရမ်းကိုရိုးရှင်းပြီး ဘာအဆင်အယင်မှမရှိသည့် အခန်းထဲမှာမတ်တပ်ရပ်နေတာ ဖြစ်သော်လည်းအခန်းထဲရှိအပြင် အဆင်ကတင့်တယ်ကြော့ရှင်းလှသည်။

သူခေါင်းငုံ့ပြီးသူ့အဝတ်အစားများကို ကြည့်လိုက်သောအခါသူကဘရိုကိတ် အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထား သည်ကိုမြင်လိုက်ရသည်။သူ့ရဲ့ပိန်ပါး သော်လည်းကျစ်လစ်နေသည့်ခါးပတ် ပတ်လည်ကိုအဖြူရောင်ကျောက်စိမ်း ခါးပတ်ဖြင့်ပတ်ထားပြီးအဝတ်အစား တွေအပေါ်မှာငွေမီးခိုးရောင်ဝါဂွမ်း အဝတ်ဖြင့်ထပ်ဆင့်လွှမ်းခြုံထားသည်။

လီလျိုကအခန်းတစ်ဝိုက်ကိုလှည့်ပတ် ကြည့်ရန်ရည်ရွယ်လိုက်ပြီးရှောင်းချီ အားဇာတ်လမ်းရဲ့အကျဉ်းချုပ်ပို့ခိုင်း လိုက်သည်။သို့သော်ထိုခဏမှာပဲသူ့ရှေ့ ကိုစက္ကူအပိုင်းအစတစ်ခုလွင့်ပျံလာ၏။ လီလျိုကသိချင်စိတ်ဖြင့်သူ့လက်ကို ဆန့်ထုတ်ပြီးထိကြည့်လိုက်သောအခါ ရုတ်တရက်လူငယ်တစ်ယောက်ရဲ့အသံ ကိုကြားလိုက်ရသည်။

"ဆရာဦးလေး...ဂိုဏ်းသခင်က ဒီတပည့်ကိုအမိန့်ပေးပြီးဆရာဦးလေး ဂိုဏ်းတပည့်ရွေးချယ်ပွဲကိုတက်ရောက် ဖို့လိုအပ်ကြောင်းသတင်းပို့ခိုင်းလိုက် ပါတယ်"

ဂိုဏ်းရဲ့တပည့်ရွေးချယ်ပွဲ?အဲ့ဒါဘာလဲ? လီလျိုကစိတ်ရှုပ်ထွေးသွားပြီးဘယ်လို ပြန်ဖြေရမလဲမသိဖြစ်သွားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now