Arc(1.21)

11.3K 1.7K 7
                                    

Unicode

Arc(1.21)

The Wild Dragon Proud Day

ချင်ယုကတိတ်တဆိတ်သာဆက်နေနေသော်လည်းသူ့ရဲ့အနက်ရောင်မျက်ဆံများကတော့ ကြည့်ရတာမုန်တိုင်းကျနေသည့်ပုံပေါ်သည်။သူ့တစ်ကိုယ်လုံးမှာလည်းလေးလံသည့်ဖိအားများထုတ်လွှင့်နေသောကြောင့်မကြာသေးခင်ကပင်စကားပြောနေကြသောစစ်သားများမှာချက်ချင်းပဲပါးစပ်ပိတ်သွားကြတော့သည်။ထိုစစ်သားများမှာမနေနိုင်တော့ပဲသူတို့ခုဏကပြောလိုက်တဲ့စကားတွေကိုတိတ်တဆိတ်ပြန်တွေးနေမိတော့သည်။

တပ်မှုးချုပ်ရဲ့အမူအယာရုတ်တရက်ပြောင်းလဲသွားအောင်သူ......မပြောသင့်တဲ့စကားကိုများပြောမိသွားတာလား?

ချင်ယု၏အသားအရည်ကခဏမျှရုပ်ဆိုးနေပြီးမှရုတ်တရက်တစ်စုံတစ်ခုမှားနေကြောင်းခံစားလိုက်ရသည်။အကယ်၍လီလျိုနဲ့လင်ရိုယန်တို့အပြင်ထွက်သွားတယ်ဆိုရင်တောင်သူတို့အဲ့ဒီလောက်ထိနောက်ကျမှပြန်လာမှာမဟုတ်ဘူးလေ...

သူကဘေးတစ်ဖက်တစ်ချက်မှာရပ်နေကြသောစစ်သားများအားကြည့်ကာပြောလိုက်သည်။

"မင်း....သွားပြီးင့ါကိုကင်းလှည့်စစ်သားသုံးဖွဲ့လောက်သွားခေါ်ပေးမြန်လေကောင်းလေပဲ"

"ဟုတ်!"

အမိန့်ရသည့်စစ်သားကအလျှင်အမြန်ပဲထွက်ခွာသွားပြီးသိပ်မကြာခင်တွင်လူအယောက်သုံးဆယ်ထက်ပိုသောသူများကိုခေါ်လာလေသည်။

ချင်ယုကထိုအုပ်စုများကစီမံပြီးနောက်လူ၃၀ကျော်သည်လူစုခွဲပြီးမြို့ကိုစတင်ရှာဖွေကြတော့သည်။

ချင်ယုကထိုနေရာမှာပဲနေပြီးသတင်းကိုထိုင်စောင့်တာမျိုးမလုပ်ပဲသူလည်းထိုလူသုံးဆယ်ကျော်နှင့်အတူပြန်မလာသေးသည့်လီလျိုနှင်လင်ရိုယန်တို့ကိုရှာဖွေရန်ထွက်သွားလိုက်သည်။

လကကောင်းကင်အလယ်သို့ရောက်နေပြီဖြစ်သော်လည်းပွဲတော်ကြောင့်လမ်းများကလင်းထိန်နေဆဲဖြစ်ကာလူများကလည်းသွားလိုက်လာလိုက်လုပ်နေကြသည်။

ချင်ယုကမီးအိမ်လေးများကိုင်ကာ လမ်းပေါ်မှာတူတူသွားနေကြသောစုံတွဲများအားကြည့်ရင်းသူ့နဂိုရုပ်ဆိုးနေသောအမူအယာကရုတ်တရက်ပိုလို့ပင်ရုပ်ဆိုးလာတော့သည်။ဒီလိုအထူးပွဲတော်မျိုးမှာလီလျှိုကလင်ရိုယန်နဲ့လာဖို့သဘောတူလိုက်မည်ကိုသူလုံးဝမမျှော်လင့်ထားမိပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now