Arc(2.4)

9.6K 1.6K 31
                                    

Unicode

Arc(2.4)

Saint Magus

အချိန်တော်တော်လေးကြာသည်အထိ ခရစ်စတယ်ကျောက်တုန်းတွင်မည်သည့် တုံ့ပြန်မှုမှမရှိသေးပေ။ဘေးမှာရပ်နေ သည့်လူကတော့အဲလ်ဗစ်ရဲ့မှော်စွမ်း အားပြန်လည်ရရှိရေးအတွက်မျှော်လင့် ချက်များအားလုံးကိုဟိုးတုန်းကတည်း ကဆုံးရှုံးသွားခဲ့ပြီးသားဖြစ်တာကြောင့် ဒီမြင်ကွင်းကိုမြင်သည့်အခါမှာလည်း သူ့မှာမမျှော်လင့်ထားသည့်တုံ့ပြန်မှု တစ်စုံတစ်ရာရှိမနေပဲဒီအတိုင်းအဲလ်ဗစ် ကိုသာစိုက်ကြည့်နေလိုက်ပြီးမှအကြည့် လွှဲသွားလိုက်သည်။

အဲလ်ဗစ်ကမပြောင်းလဲသည့်ကျောက် တုံးကြီးကိုကြည့်လိုက်ပြီးသူ့စိတ်နှလုံး သားထဲမှမျှော်လင့်ချက်ကနောက်တစ် ကြိမ်စိတ်ပျက်မှုအဖြစ်ပြောင်းလဲသွား ရသည်။ဒီလိုအခြေအနေမျိုးကလွန်ခဲ့ တဲ့နှစ်တွေတုန်းကလည်းဖြစ်ပျက်ခဲ့ပြီး သားဆိုပေမယ့်လည်းသူတစ်ခါမှမျှော် လင့်ချက်မဆုံးရှုံးဘူးပေ။အဲလ်ဗစ်က သူ့လက်ကိုခရစ်စတယ်ကျောက်တုန်း ပေါ်မှဖယ်လိုက်တော့သည်။သူ့အင်္ကျီ လက်အတွင်းမှလက်များကတင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ထားပြီးသူ့လက် သည်းများကနူးညံ့သည့်သူ့လက်ဖဝါး အသားဆိုင်ထဲထိထိုးဝင်သွားခဲ့သော် လည်းမျက်နှာမှာတော့ဘာခံစားချက်မှ ဖော်ပြမနေဘူးဖြစ်သည်။သူ့မျက်လုံး အကြည့်ကိုလည်းအနည်းငယ်လျှော့ချ လိုက်ပြီးမျက်ဝန်းထဲမှဆုံးရှုံးသွားရသည့် အကြည့်ကိုဖုံးကွယ်ထားလိုက်သည်။ 
လီလျိုကိုကိုင်ထားရင်းဖြင့်ပင်သူက မြင့်မားသည့်စင်မြင့်ပေါ်မှတစ်ဖြည်း ုဖြည်းချင်းဆီဆင်းသွားလိုက်လေ၏။

ရင်ပြင်မှာရှိသည့်လူအုပ်ကအဲလ်ဗစ် စမ်းသပ်မှုခံနေသည့်အချိန်မှာအကုန်လုံး နီးပါးသွားကြပြီဖြစ်ပြီးပုံမှန်ကလေး နှစ်ယောက်သုံးယောက်သာကျန်ခဲ့သည်။ အဲလ်ဗစ်စမ်းသပ်မှုပြီးသွားသည့်အခါမှာ တော့ထိုကလေးတွေတောင်တော်တော် ကြာကထဲကပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လူငယ်များအားလုံးစစ်ဆေးပြီးသွား သည်နှင့်ထိုလူကခရစ်စတယ်ကျောက် တုန်းကြီးအားအနက်ရောင်အဝတ်ဖြင့် တစ်ဖန်ပြန်ဖုံးအုပ်ထားလိုက်လေ၏။ ပြီးနောက်မှာတော့သူကရပ်မနေတော့ပဲ ရင်ပြင်မှတိုက်ရိုက်ပြန်ထွက်သွားလိုက် တော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now