Arc(2.6)

10.1K 1.7K 49
                                    

Unicode

Arc(2.6) - Saint Magus

ဒီနေ့ညကလပြည့်ညဖြစ်သည်။

ညသည်ကောင်းကင်၌မြင့်တက် နေပြီး၎င်း၏တောက်ပသောရောင် ခြည်ကအောက်မှာရှိသည့်သစ်ပင်ကြီး များ၏သစ်ရွက်များကြားမှမီးထိုးထား သလိုကျိုးတိုးကျဲတဲဖြင့်ဖြာကျနေ လေသည်။ကြီးမားကျယ်ပြန်သည့် ုမြက်ခင်းစိမ်းကြီးပေါ်တွင်လည်းအ ရောင်အသွေးစုံလင်လှသည့်ပန်းပေါင်း စုံကကောင်ကင်မှကြယ်လေးများကဲ့သို့ တစ်လက်လက်ဖြင့်ပွင့်ဖူးနေသောကြောင့် တောက်ပသည့်လရောင်ဖြင့်ပေါင်းစပ် လိုက်သောအခါအလွန်တိတ်ဆိတ်နေ သလိုအရမ်းလည်းလှပနေသည်။

အပြာရောင်ဝတ်ရုံပေါ်တွင်ရိုးရှင်း သည့်ငွေရောင်ချည်များထိုးထား သည့်ဝတ်စုံကိုဝတ်ဆင်ထားသည့် အဲလ်ဗစ်ကကြီးမားသောသစ်ပင်ကြီး တစ်ပင်အောက်မှမြက်ခင်းပေါ်တွင် ထိုင်လျက်အိပ်ပျော်နေသကဲ့သို့မျက် လုံးများကိုမှိတ်ထားပြီးအသက်ကို ဖြေးဖြေးနှင့်မှန်မှန်ရှုနေသည်။

သူ့ဘေးမှာထိုင်နေသည့်လီလျိုက သူတကယ်ပဲအိပ်ပျော်နေတယ်ဟု ထင်သောကြောင့်သူ့ခြေထောက်လေး လေးချောင်းဖြင့်အဝေးမှာရှိသော စမ်းချောင်းဆီသို့လျင်မြန်စွာပြေး သွားလိုက်သည်။

အဲလ်ဗစ်ရဲ့ဘေးကင်းလုံခြုံမှုနှင့် ပတ်သတ်ပြီးတော့တော့သူစိတ်မပူပေ။ အကယ်၍သာအန္တာရယ်တစ်ခုခုချည်း ကပ်လာပါကသူချက်ချင်းနိုးလာမှာဖြစ် တဲ့အပြင်သူကဒီနယ်မြေမှာနေခဲ့တာ တော်တော်လေးကြာခဲ့ပြီဖြစ်ပြီ။ဒီနယ် မြေမှာရှိတဲ့သားရဲတွေအကုန်လုံးက လည်းဒီနေရာမှာလှည့်စားလို့မရသည့် လူတစ်ယောက်နေနေကြောင်းသိထား ပြီးသားဖြစ်သည်လေ။တိရစ္ဆာန်များရဲ့ အာရုံကအလွန်ကိုထက်မြက်တာ ကြောင့်ဒီနေရာကိုသေကြောင်းကြံဖို့ လာမယ့်မှော်သားရဲတော့ရှိမယ်မထင်ပေ။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကရှောင်းချီ သည်သူ့ကိုဤအချိန်အတောအတွင်း မှာလူသားပုံစံပြောင်းလဲနိုင်တော့မည် ဟုသတိပေးခဲ့သည်။လီလျိုမှာဟိုးတုန်း ကတည်းကလူသားပြန်ဖြစ်နိုင်ရန်စိတ် အားထက်သန်နေခဲ့တာဖြစ်သောကြောင့် ဒီရက်ပိုင်းအတွင်းအဲလ်ဗစ်အိပ်ပျော် နေတိုင်းသူ့ခန္တာကိုယ်ကိုပြောင်းလဲရန် အနီးဆုံးမြစ်ဆီသို့သွားပြီးသူ့လူသား ပုံစံကဘယ်လိုရှိကြောင်းမြင်လိုလှသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now