Arc(2.46)

5.1K 889 2
                                    

Unicode

Arc(2.46) - Saint Magus

ဆိုက်ဇယ်ရဲ့အကြံပြုချက်ကိုနားထောင်ပြီးနောက်အဲလ်ဗစ်ကသူ့ပတ်ဝန်းကျင်ကိုတစ်ချက်ပတ်ကြည့်လိုက်သည်။သူ့မျက်စံများကအလင်းတစ်ချက်လင်းသွားပြီးမှပြန်ဖြေလိုက်၏။

"မလိုဘူးငါတို့ဒီပတ်ဝန်းကျင်ကနေငါတို့မြန်မြန်ပြေးထွက်သွားလို့ရတယ်"

သူကဆိုက်ဇယ်ကိုတစ်ချက်ပင်လှည့်မကြည့်တော့ပဲနောက်သို့လှည့်ကာအော်လိုက်သည်။

"အကုန်လုံးအမြန်ဆုံးနှုန်းနဲ့ဒီတောထဲကပြေးထွက်ကြပါ"

သူတို့အီဒါမြို့ထဲကထွက်ခွာလာပြီးကတည်းကအုပ်စုတစ်ခုလုံးအဲလ်ဗစ်ရဲ့အံ့အားသင့်စရာအင်အားကိုမျက်မြင်ကိုယ်တွေ့တွေ့ပြီးသားဖြစ်သည်။ုသူ့အကြံပြုချက်ကိုကြားသောအခါလူအနည်းငယ်သာတွန့်ဆုန်နေကြပြီးအုပ်စုတစ်ခုလုံးရဲ့အရှိန်ကအတော်လေးမြင့်တက်သွားသည်။မကြာခင်မူလကသစ်ပင်များထဲမှာပုန်းကွယ်နေကြသည့်နတ်ဆိုးသားရဲများလည်းပေါ်လာသည်။

အဲလ်ဗစ်ကသူ့ဓားကိုဆွဲထုတ်လိုက်ပြီးလက်တစ်ဖက်ဖြင့်ကိုင်ထားလိုက်သည်။တူညီတဲ့ဘက်မှနတ်ဆိုးသားရဲကြီးတစ်ကောင်ကသူ့ရဲ့သွေးလွှမ်းနေသောပါးစပ်ကြီးအားအကျယ်ကြီးဟကာသူ့ဆီပြေးဝင်လာတော့သည်။အဲလ်ဗစ်ကပြန်လှည့်မကြည့်ပဲသူ့ဓားကိုဓားချီတံဆိပ်ခတ်နှိပ်လိုက်ပြီးလခြမ်းကွေးပုံသဏ္ဍာန်အရိပ်ဖြင့်နတ်ဆိုးသားရဲအားနှစ်ပိုင်းခွဲပစ်လိုက်ပြီးထိုအရှိန်ကလေထဲမှာပင်တစ်ခြားနတ်ဆိုးသားရဲသုံးကောင်လေးကောင်လောက်အားပထမဆုံးတစ်ကောင်လိုပင်ခွဲဖြတ်သွားခဲ့သည်။အားလုံးပြီးမှသာဓားချီရဲ့တိုက်ခိုက်ရေးစွမ်းအင်ကမှေးမှိန်သွား၏။

အဲလ်ဗစ်တို့အုပ်စုကအလျင်အမြန်တုန့်ပြန်လိုက်တာကြောင့်နတ်ဆိုးသားရဲများမှာထိုလူအုပ်စုကိုဝိုင်းရံခွင့်ပင်မရလိုက်ပေ။အားလုံးကမှော်သားရဲတောင်တန်းရဲ့တောနက်ထဲရောက်ရန်နာရီဝက်လောက်သာကြာလိုက်သည်။

ကောင်းကင်မှတိမ်မဲများကဆက်ပြီးစုဝေးနေပြီးသိပ်မဝေးသည့်နေရာမှာကျောက်မီးသွေးတုန်းကြီးလိုစုစည်းနေသည်။မူလကပန်ကန်လုံးပမာဏသာရှိသည့်ရေဝဲသည်လည်းထီးတစ်လက်အရွယ်လောက်ထိကြီးထွားလာလေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now