Arc(2.26)

7.3K 1.2K 11
                                    

Unicode

Arc(2.26) - Saint Magus

တပည့်တွေအားလုံးစုရုံးပြီးတဲ့အချိန်မှာဒီတစ်ခေါက်ပထမအကြိမ်ယှဉ်ပြိုင်ပွဲကိုကြီးကြပ်ပေးမယ့်ဆရာဆယ်ယောက်ကျော်ကတပည့်ပေါင်းတစ်ထောင်ကျော်ကိုဦးဆောင်ပြီးအကယ်ဒမီမှာဟိုးတုန်းကတည်းကရှိခဲ့သည့်နေရာရွှေ့ပြောင်းအခင်းအကျင်းအကြီးကြီးရှေ့ကိုခေါ်သွားသည်။ဒီရွှေ့ပြောင်းအခင်းအကျင်းကလွန်ခဲ့တဲ့တစ်ခေါက်ကတပည့်များကိုရွှေ့ပြောင်းတဲ့အချိန်မှာသုံးခဲ့တဲ့ရွှေ့ပြောင်းအခင်းအကျင်းနဲ့မတူညီပဲသူကပိုပြီးရှည်လျားသည့်အကွာအဝေးကိုကူးပြောင်းနိုင်ကာပိုပြီးလူသယ်ဆောင်နိုင်သည်။

ယှဉ်ပြိုင်ပွဲရဲ့တည်နေရာကတစ်ခြားတိုင်းပြည်တစ်ခုရဲ့မြို့ထဲမှာပြုလုပ်မှာဖြစ်သောကြောင့်သူတို့အနေနဲနောက်ဆုံးသတ်မှတ်ထားတဲ့တည်နေရာကိုရောက်ရန်ပိုကြီးတဲ့ရွှေ့ပြောင်းအခင်းအကျင်းအနည်းငယ်ကိုသုံးရန်လိုအပ်သည်။

ထိုကြီးမားတဲ့ရွှေ့ပြောင်းအခင်းအကျင်းမှာရေးထိုးထားတဲ့မှော်သင်္ကေတများရဲ့ပုံစံကနံပါတ်ပုံစံများပြားရှုပ်ထွေးပြီးပြုလုပ်ရန်လည်းအချိန်အတော်သုံးရသည်။ရလဒ်အရတော့ရွှေ့ပြောင်းမှော်အခင်းအကျင်းများမှာအသုံးပြုထားသည့်မှော်သင်္ကေတများကိုမေးဂတ်စ်ပညာရှင်တစ်ဦးကနှစ်စဉ်ထိန်းသိမ်းထားရန်လိုအပ်သည်။

လီလျိုကအဲလ်ဗစ်ရဲ့ပုခုံးပေါ်မှာထိုင်နေပြီးသူ့ရဲ့ရှည်လျားတဲ့အမြှီးကသူ့နောက်မှာဖြည်းညှင်းစွာဝှေ့ယမ်းနေသည်။သူ့ပယင်းရောင်ကြောင်မျက်ဆံများသည်လည်းအဲလ်ဗစ်ကိုသာစူးစိုက်ကြည့်နေပြီးသူ့မျက်လုံးထောင့်ကတော့အဲလ်ဗစ်နဲ့ခရစ်ကြားမှာမကြာခဏရှေ့ကြည့်လိုက်နောက်ကြည့်လိုက်လုပ်နေသည်။ထို့နောက်သူ့လက်ဝါးလေးကိုထုတ်ပြီးအဲလ်ဗစ်ရဲ့မျက်နှာအား'ဖတ်'ဟုအသံမြည်အောင်ရိုက်လိုက်တော့၏။

အဲလ်ဗစ်အားမျက်လုံးထောင်ကနေဆက်တိုက်ခိုးကြည့်နေတဲ့ခရစ် ; "........"

အဲလ်ဗစ်ကသူ့မျက်နှာပေါ်ကလီလျိုရဲ့လက်သေးသေးလေးကိုလက်ဖြင့်ကိုင်လိုက်ကာသူ့လက်ဖဝါးထဲထည့်လိုက်၍ညင်သာစွာပွတ်ပေးလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now