Arc(3.19)

4.1K 769 6
                                    

Unicode

Arc(3.19)

မြူခိုးဖြူများလွှမ်းခြုံနေသည့်တောင်ထိပ်ပေါ်တွင်ကောင်းကင်ယံထိတစ်ဖြောင့်တည်းထိုးတက်နေသည့်ကိုးထပ်အဆင့်ရှိစေတီတစ်ဆူရှိနေသည်။

စေတီ၏ထောင့်ရှစ်ထောင့်တိုင်းစီသည်မြေကြီးနှင့်မချိတ်ဆက်ထားပဲရှည်လျားသောကွင်းများဖြင့်ချိတ်ဆက်ထားသည်။သို့သော်သူကကောင်းကင်ထဲသို့ထိုးတက်နေတာကြောင့်လူတွေအနေနဲ့ကွင်းဆက်ရဲ့အဆုံးကိုမမြင်ရနိုင်ပေ။

ထိုကွင်းဆက်များရဲ့အလုပ်လုပ်ပုံကစေတီထဲမှာဖမ်းချုပ်ခံထားရတဲ့ကျင့်ကြံသူရဲ့ဝိဉာဉ်စွမ်းအားကိုစုပ်ယူနိုင်ရန်ဖြစ်ပြီးထိုဝိဉာဉ်စွမ်းအားများအားလုံးကိုကမ္ဘာထဲသို့ပြန်လည်လွှတ်ပေးရန်ဖြစ်သည်။

ထို့ကြောင့်စေတီထဲမှာဖမ်းချုပ်ခံထားရသည့်ကျင့်ကြံသူများအနေနဲ့သူတို့ရဲ့ဝိဉာဉ်စွမ်းအားများအားလုံးကချုပ်နှောင်ခံထားရသလိုမျိုးခြောက်သွေ့လာပြီးမည်သည့်နည်းစနစ်ကိုမှအသုံးပြုလို့ရမှာမဟုတ်ပေ။

ချူးဝူရုံကအထပ်ကိုးထပ်၏ငါးထပ်မြောက်ကန့်သတ်နယ်မြေထဲမှာထိုင်နေသည်။သူဒီနေရာမှာချုပ်နှောင်ခံထားရတာအခုဆိုရင်ခြောက်ရက်မြောက်နေ့ဖြစ်နေပြီဖြစ်၏။

သူကရုတ်တရက်တင်းတင်းကြပ်ကြပ်ပိတ်ထားသောသူ့မျက်လုံးများကိုဖွင့်လိုက်ပြီးကန့်သတ်နယ်မြေရဲ့တံခါးပေါ်ရှိကောင်းမွန်သောလိုင်းများဖြင့်တစ်လွှာပြီးတစ်လွှာဝန်းရံထားသည့်အစီအရင်ကိုကြည့်လိုက်သည်။သူ့မျက်လုံးထဲမှာတော့သိမ်မွေ့သည့်ခရမ်းရောင်အလင်းဖြင့်တောက်ပနေလေသည်။

တကယ်တော့သူယှဉ်ပြိုင်ပွဲစင်မြင့်ပေါ်မှာရှိခဲ့တဲ့နေ့တုန်းက,ဝိုင်းရံခံထားရတယ်ဆိုရင်တောင်ကြည်လင်ကောင်းကင်ဂိုဏ်းကနေသူ့ဘဝကိုထိခိုက်မှုမရှိစေပဲလွတ်မြောက်နိုင်သည်။အခုဒီလိုကန့်သတ်နယ်မြေထဲအချုပ်ခံရတဲ့အချိန်မှာတော့သူ့ကိုယ်ပိုင်စွမ်းအင်နဲ့လွတ်မြောက်နိုင်မယ့်အခွင့်အရေးက(၄၀%)ထက်ပင်နည်းပါးသွားခဲ့ပြီဖြစ်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now