Return to the University (3)

4.3K 779 9
                                    

Unicode

Return to the University (3)

လီလျိုရဲ့ကောလိပ်နေ့ရက်များကသာမာန်ပဲဖြစ်ပြီးသိပ်လည်းမဆိုးသလိုသိပ်လည်းမကောင်းပေ။ရှောင်းချီသည်လည်းသူဘယ်တော့စာအုပ်ကမ္ဘာထဲပြန်ရမလဲဆိုတဲ့တိကျသေချာသောသတင်းအချက်အလက်ကိုမပေးသေးဘူးဖြစ်သည်။

သူအခုတက္ကသိုလ်တက်နေခဲ့တာတစ်နှစ်တောင်ဖြစ်နေပြီဖြစ်ပြီးဒုတိယနှစ်ဝက်စာမေးပွဲတောင်ပြီးတော့မည်

ရာသီကနွေရာသီထဲဝင်လာပြီဖြစ်တာကြောင့်ရာသီဥတုကအတော်လေးကိုပူပြင်းခြောက်သွေ့နေ၏။

လီလျိုကအပူကိုအနည်းငယ်ကြောက်တာကြောင့်ရိုးရှင်းတဲ့အဖြူရောင်ပေါ်မှာစာတမ်းလေးသာပါတဲ့T-shirtကိုဒူးလောက်ဘောင်းဘီတိုလေးနှင့်တွဲဖက်ဝတ်ဆင်ထားပြီးသူ့ရဲ့ဖြူဖွေးသောအသားအရည်တော်တော်များများပေါ်လွင်နေသည်။

ဒါ့အပြင်သူ့ခန္တာကိုယ်ကအမွှေးအမျှင်နည်းပါးတာကြောင့်ထွက်ပေါ်နေတဲ့ထိုခြေတံတစ်စုံကအတော်လေးကိုလှပပြီးဖြောင့်စင်းနေကာနူးညံ့ပြီးချောမွေ့နေတာကြောင့်မိန်းကလေးအများစုထက်ပင်လှပနေသေးသည်။

အတန်းထဲမှာလျှပ်စစ်ပန်ကာရှိသော်လည်းပူလောင်ပြီးခြောက်သွေ့သည့်ရာသီဥတုကြောင့်လျှပ်စစ်ပန်ကာမှလာသည့်လေကပူလောင်နေပြီးသိပ်အသုံးမဝင်ပေ။

လီလျိုကသူ့မေးစေ့လေးကိုလက်ဖဝါးထဲထည့်ထားပြီးဒီနေ့ရဲ့အတန်းပြီးမယ့်အချိန်ကိုတိတ်တဆိတ်စောင့်ဆိုင်းနေသည်။ပြီးရင်တော့သူ့အခန်းပြန်ပြီးအဲကွန်းလေးဖွင့်နေရမည်။

အတန်းရဲ့နောက်ဆုံးခေါင်းလောင်းမည်ပြိးနောက်လူတိုင်းမတ်တပ်ထရပ်ကြပြီးအတန်းထဲမှထွက်ခွာဖို့အသင့်ဖြစ်နေကြသည့်အချိန်လီလျိုသည်လည်းလူတိုင်းနဲ့အတူထရပ်ကာအတန်းထဲမှထွက်လိုက်သည်။သို့သော်အတန်းခေါင်းဆောင်ကရုတ်တရက်ကျယ်လောင်စွာအော်လိုက်၏။

"လူတိုင်းခဏလောက်စောင့်ကြပါဦးမသွားကြနဲ့ဦး!"

ထို့နောက်သူကခြေလှမ်းကျဲကြီးများဖြင့်စင်မြင့်ရှိရာသို့တက်သွားသည်။ပြီးနောက်သူ့ကိုလှည့်ကြည့်နေကြသည့်လူတိုင်းအားတစ်ချက်ဝေ့ကြည်လိုက်ပြီးချောင်းတစ်ချက်ဟန့်ကာစကားပြန်စသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now