Arc(2.37)

5.6K 1K 4
                                    

Unicode

Arc(2.37) - Saint Magus

မြူဆိုင်းပြီးထူထပ်လှသည်သစ်တော အတွင်းမှာတောက်ပတဲ့အလင်းရောင် များ၊ကမ္ဘာမြေတုန်ခါလောက်မည့် တုန်လှုပ်မှုများနှင့်အတူသားရဲများရဲ့ ကျယ်လောင်စွာမည်တမ်းသံများ ထွက်ပေါ်နေသည်။

ပါးလွှာတဲ့ယောကျာ်းတစ်ယောက်ရဲ့ သဏ္ဍာန်ကထူထပ်လှတဲ့မြူများထဲ မှာမသဲမကွဲမြင်နေရပြီးသူ့တစ်ကိုယ် လုံးကရွှေရောင်အလင်းများဝန်းရံ ထားပုံရသည်။

သူ့ကိုရင်ဆိုင်နေသည့်သားရဲရဲ့ခြေ သည်းများကထိုရွှေရောင်အလင်း အလွှာကိုထိလိုက်တဲ့အချိန်တိုင်း မှော်သားရဲ၏အလွန်နာကျင်နေသည့် ဟိန်းသံကြီးကချက်ချင်းထွက်ပေါ် လာသည်။ထိုမှော်သားရဲကသူ့ခြေ သည်းများကိုအသုံးပြုပြီးသူ့ရှေ့က ထိုလူသားအားအပိုင်းအစစဖြစ် အောင်ဆုတ်ဖြဲပစ်လိုက်ချင်သော် လည်းသူ့အနေနဲ့ခြေတစ်လှမ်းပင် တိုးဝင်လို့မရသလိုထိုပါးလွှာတဲ့ သဏ္ဍာန်အားထိတွေ့လို့မရဖြစ်နေသည်။

ပါးလွှာတဲ့ပုံသဏ္ဍာန်ဘေးမှာတော့ လူကြီးတစ်ယောက်ရဲ့လက်ဖဝါး နှစ်ဖက်နဲ့တစ်ဝက်လောက်အရွယ်ထိ အပြည့်အဝထွားနေပြီဖြစ်သည့် ကြောင်လုံးလုံးလေးတစ်ကောင်ရှိနေသည်။

သူ့အရှိန်ကတော်တော်လေးမြန်ဆန် ပြီးမှော်သားရဲ၏ပတ်ပတ်လည်မှာ အဖြူရောင်အရိပ်လေးတစ်ခုလှုပ် ရှားနေသလိုမျိုးသာဖြစ်နေကာသေး ငယ်သည့်ခြေသည်းရာအစုံလိုက်သာ ချန်ထားခဲ့သည်။သို့သော်မှော်သားရဲ ကဂရုမစိုက်လိုက်တာနဲ့ထိုအရိပ်လေး ကအမြဲတမ်းရှည်လျားတဲ့ဒဏ်ရာ ရှည်များချန်ထားတတ်ပြီးတစ်ခါ တစ်လေထိုဒဏ်ရာများကတော် တော်လေးနက်တာကြောင့်အထဲမှ အရိုးဖြူများကိုပင်မြင်ရနိုင်သည်။

ထိုလူနဲ့ကြောင်လုံးသေးသေး လေးကအဲလ်ဗစ်နှင့်လီလျိုတို့ပင်။

လွန်ခဲ့တဲ့သုံးလလောက်တုန်းက ဘရိုင်ယန်ရဲ့ညွှန်ကြားပြသမှုအောက် မှာအဲလ်ဗစ်ကပစ္စည်းသုံးမျိုးလုံး အောင်အောင်မြင်မြင်ရရှိခဲ့ပြီဖြစ်ပြီး ထူးဆန်းတဲ့မှော်အခင်းအကျင်းမှ တစ်ဆင့်လူတစ်ဦးရဲ့ထက်ဝက် လောက်အမြင့်ထက်မြင့်သောမှော် ကိရိယာတစ်ခုပြုလုပ်ခဲ့ကာထိပ်ပိုင်း မှာနေ၊လနှင့်ကြယ်များကဝိုင်းရံနေ သလိုပုံစံမျိုးဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now