Arc(1.24)

11K 1.6K 7
                                    

Unicode

Arc(1.24)

The Wild Dragon Proud Day

ညကမှောင်မိုက်နေပြီဖြစ်ပြီးကောင်းကင်မှာကြယ်တစ်လုံးတစ်လေပင်မရှိပဲလခြမ်းလေးကိုပင်မှောင်မိုက်သောတိမ်တိုက်များကဖုံးလွှမ်းထားခဲ့လေသည်။

လီလျိုကတာဝန်ကျသောနန်းတွင်းအစေခံ အားဧကရာဇ်၏မီးဖိုချောင်မှအချိုပွဲအနည်းငယ်ကိုယူလာခိုင်းလိုက်သည်။နန်းတွင်းအစေခံဝင်လာသည့်အခါမှာတော့လီလျိုကဘေးမှာကပ်ပြီးရပ်နေလိုက်ကာအချိုပွဲများကိုသေတ္တာများမှထုတ်ယူ၍စားပွဲပေါ်စီစဉ်ပေးသည်ကိုကြည့်နေလိုက်သည်။

အစေခံကသူ့ရဲ့အာရုံကိုခဏမျှလျော့လိုက်သည့်အချိန်တွင်လီလျိုကဖြည်းငြင်းစွာဖြင့်သူမဆီသို့ချည်းကပ်လာပြီးသူ့ရဲ့ခြေသံကအလွန်ကိုပေါ့ပါးနေသောကြောင့်ကြမ်းပြင်ပေါ်တွင်ကြောင်လေးတစ်ကောင်လမ်းလျှောက်နေသကဲ့သိုပင်အသံလုံးဝကိုမထွက်ပေ။

နန်းတွင်းအစေခံလေးကတော့သူ့ရဲ့ချည်းကပ်လာမှုကိုလုံးဝမသိပဲသူမရဲ့ခေါင်းကငုံ့နေဆဲဖြစ်ပြီးသေတ္တာထဲမှမုန့်ပန်းကန်များအားဂရုတစိုက်ထုတ်၍ခုံပေါ်သို့တင်နေသည်။

ရှောင်းချီ၏လမ်းညွှန်မှုအောက်တွင်လီလျိုကလျင်မြန်သောလှုပ်ရှားမှုဖြင့်သူမ၏နောက်ကျောအားလက်ဖြင့်ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သောအခါအစေခံလေးမှာမျက်လုံးများလည်ပြီးသတိလစ်လဲကျသွားတော့သည်။သူမရဲ့ခန္တာကိုယ်ကချက်ချင်းပြိုလဲကျသွားပြီးလီလျိုကထိုအစေခံ၏ကိုယ်အားဖမ်းလိုက်ကာတရွတ်တိုက်ဆွဲ၍အိပ်ရာပေါ်သို့တင်လိုက်၏။

သူမရဲ့အဝတ်အစားများ၏အတွင်းမှာလည်းအတွင်းဝတ်ဘောင်းဘီတစ်ထည် ပါသောကြောင့်လီလျိုမှာစိတ်ပိုင်းဆိုင်ရာ ဖိအားသိပ်မရှိတော့ပဲသူလုပ်ရန်လိုသည့် တစ်ခုတည်းသောအရာကသူမရဲ့အပေါ် ဝတ်ရုံကိုချွတ်ပြီးသူ့အဝတ်နှင့်လဲလှယ် ဝတ်ရန်သာဖြစ်သည်။ပြီးဆုံးသည်နှင့် လီလျိုကယူနီဗာဆယ်အသွင်ပြောင်းဆေး ဆွဲကြိုးအားသူ့လည်ပင်းမှာဝတ်ဆင်လိုက် လေ၏။သိပ်မကြာခင်ပဲသူ့ရဲ့ရုပ်ဆင်းသဏ္ဌာန်ကအိပ်ယာပေါ်မှထိုနန်းတွင်းအစေခံ၏နားနောက်ဖက်ရှိမှဲ့အပါအဝင်အကုန်လုံး ပြောင်းလဲသွားပြီးသူ့ရဲ့တုံ့ပြန်မှုများပင် အတူတူဖြစ်သွားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now