Arc(2.38)

5.3K 966 2
                                    

Unicode

Arc(2.38) - Saint Magus

အဲလ်ဗစ်နှင့်လီလျိုတို့နှစ်ယောက် သားသူတို့ရှေ့ကမြူများကြားထဲ တိုးဝင်သွားကြပြီးသူတို့မြူခိုးများ ထဲသို့ရောက်တာနဲ့မူလကသူတို့နောက် မှာရှိနေတဲ့ရှင်းလင်းကြည်လင်လှ သောမြင်ကွင်းတစ်ခုလုံးကထူထပ် တဲ့မြူများနဲ့ဖုံးလွှမ်းသွားသည်မှာ ထူထဲသည့်ပိတ်စနှင့်အထပ်ထပ်ပတ် လိုက်သလိုပင်ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

အခုသူတို့မြင်နိုင်တာက သူတို့ပတ်လည်မီတာ၂၀ အကွာမှာရှိတဲ့မြင်ကွင်းတစ်ခု သာဖြစ်သည်။အခုချိန်မှစပြီး သူတို့ဒီစမ်းသပ်မှုကိုချောချော မွေ့မွေ့မဖြတ်သန်းနိုင်သ၍သူတို့ ပတ်လည်ကမြူများသည်လည်း ပျောက်ကွယ်တော့မှာမဟုတ်ပေ။

သို့သော်ဒီနေရာကအရမ်းထူးဆန်း သည်...သူတို့ပတ်လည်မီတာ ၂၀ အကွာမှာရှိတဲ့မြင်ကွင်းကိုသာမြင်နိုင် တယ်ဆိုသော်လည်းအထက်မှကောင်း ကင်ကိုတော့အတားအဆီးမရှိမြင်နိုင် နေသည်။ထိုခဏမှာကောင်းကင်တစ်ခု လုံးကနေသာပြီးတိမ်ကင်းစင်နေကာ နေလုံးတစ်ခုတည်းကသာကောင်းကင် ပေါ်မှာချိတ်ဆွဲနေသည်။

အဲလ်ဗစ်ကမြူထဲကိုဝင်ရောက်ပြီး တာနဲ့သူ့မျက်လုံးများကနိုးနိုးကြား ကြားဖြစ်လာပြီးသူ့ပတ်ဝန်းကျင် အခြေအနေအားအာရုံစူးစိုက်ရင်းသူ့ လက်ထဲကမှော်ကိရိယာကိုတင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

လီလျိုသည်လည်းကြောင်ပုံစံပြောင်း ပြီးနေပြီဖြစ်ပြီးသူ့ကျောကုန်းကမြှင့် ထားကာသူ့အမြှီးကလည်းထောင်မတ် နေ၍သူသည်လည်းအလျင်အမြန် သတိအနေအထားထဲဝင်ရောက်နေ ပြီဖြစ်သည်။

ကြောင်တစ်ကောင်နဲ့လူူတစ်ယောက် ရဲ့အရှေ့ကမြူများကြားထဲမှာပုံရိပ် တစ်ခုပေါ်ပေါက်လာသည်။အချိန်တွေ ကုန်လာသည်နှင့်အမျှထိုပုံရိပ်သည် လည်းပို၍ကြည်လင်လာ၏။

ယခင်တစ်ခေါက်စမ်းသပ်မှုကလို ကြီးမားတဲ့မှော်သားရဲကြီးမပေါ်လာ ပဲယခုပေါ်လာသည့်အနက်ရောင် ပုံရိပ်ကတော့သွယ်လျတဲ့ပုံစံရှိပြီး သူ့ပုံစံကမှော်သားရဲနှင့်မတူပဲ လူသားတစ်ယောက်ပုံစံဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now