Arc(2.47)

5.3K 950 3
                                    

Unicode

Arc(2.47) - Saint Magus

အနာဂတ်မှာနတ်ဆိုးသားရဲဧကရာဇ်နောက်တစ်ကြိမ်ထပ်ပေါ်လာခြင်းမှကာကွယ်နိုင်ရန်စိန့်ကတစ်ခြားမေးဂတ်စ်များအားမူလစည်းတံဆိပ်မှာကာကွယ်ရေးအလွှာအထပ်ထပ်ကို,ထပ်တိုးထည့်စေသည်။

ပြီးနောက်မှာတော့ကျန်ရှိတဲ့နတ်ဆိုးသားရဲများနဲ့အရိုးစုမေးဂတ်စ်များအားလုံးလူသားတွေရဲ့သုတ်သင်ဖယ်ရှားခြင်းကိုခံကြရသည်။

အဲလ်ဗစ်ကသူ့ကိုယ်ပိုင်စွမ်းရည်ကိုအပြည့်အဝပြသခဲ့ပြီးနတ်ဆိုးသားရဲဧကရာဇ်ဒီတိုက်ကြီးပေါ်ရောက်လာမည်အားကာကွယ်ပေးခဲ့သည်။မေးဂတ်စ်အဖွဲ့အစည်းကအဲလ်ဗစ်အားထိပ်တန်းအဖွဲ့ဝင်အဖြစ်လက်ခံလိုပြီးအကောင်းဆုံးကုသမှုများကိုပါပေးမည်ဟုကတိပေးသည်။

သို့သော်အဲလ်ဗစ်ကသူတို့ရဲ့ကမ်းလှမ်းမှုအားလိမ္မာပါးနပ်စွာငြင်းဆန်လိုက်ပြီးတစ်ခြားမေးဂတ်စ်တွေစိတ်လှုပ်ရှားမှုကြောင့်အော်ဟစ်နေတဲ့အချိန်မှာလီလျိုနဲ့အတူတူထွက်ခွာသွားကြသည်။

*****

လမ်းနှစ်ဖက်မှာစိမ်းလန်းသောတောင်တန်းမျှော်စင်များနဲ့ဝန်းရံထားသည်။လူနှစ်ယောက်ကခြင်္သေသဏ္ဍာန်မှော်သားရဲကြီးအားစီးနင်း၍ဖြည်းညှင်းစွာပေါ်လာခဲ့၏။

လီလျိုကအဲလ်ဗစ်ရှေ့မှာထိုင်နေပြီးသူတို့ခန္တာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်နီးကပ်နေရင်းဖြင့်အီလိုင်ကပြေပြစ်သောလမ်းမပေါ်မှာသက်တောင့်သက်သာသွားနေသည်။သူတို့အခုချိန်မှာမေးဂတ်စ်အဖွဲ့အစည်း၏မြို့မှထွက်ခွာလာခဲ့ပြီးအခုတော့ရည်ရွယ်ချက်မဲ့စွာဖြင့်တောင်ဘက်သို့ဦးတည်သွားနေကြတာဖြစ်သည်။

လီလျိုကသူ့ကိုယ်ကိုအဲလ်ဗစ်ရဲ့ရင်ဘက်အားမှီထားရင်းဖြင့်ခေါင်းကိုအနည်းငယ်မော့ကာမေးလိုက်သည်။

"အဲလ်ဗစ်ငါတို့အခုဘယ်သွားနေကြတာလဲ?"

"ကိုယ်တို့ဒီလမ်းအတိုင်းလိုက်သွားပြီးဒီတိုက်ကြီးတစ်ခုလုံးကရှုခင်းတွေကိုလှည့်လည်သွားလာပြီးကြည့်ကြမယ်လေမျိုးစုံတဲ့ဓလေ့ထုံးတမ်းတွေနဲ့ဗိသုကာလက်ရာတွေကိုကြည့်ရတာသဘောကျတယ်မှတ်လား?ကိုယ်တို့တိုက်ကြီးရဲ့နေရာတိုင်းကိုတစ်ခုခြင်းဆီသွားလည်ကြမယ်" အဲလ်ဗစ်ကပြောလိုက်ပြီးလီလျိုနဲ့အတူအချိန်ဖြုန်းနိုင်တော့မယ့်နှစ်ပေါင်းများစွာကိုတွေးကြည့်မိကာမနေနိုင်ပဲပြုံးလိုက်မိသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now