Arc(3.37)

4.7K 722 2
                                    

Unicode

Arc(3.37)

"သူတို့ကိုဝင်ခွင့်ပြုလိုက်"

"ဟုတ်ကဲ့"

ဝူချွန်ကလက်ခံပါကြောင်းအသံပေးသည်။

ချက်ချင်းပင်လူနှစ်ယောက်,အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကအခန်းထဲသို့ဝင်လာပြီးချူးဝူရုံအားရိုသေလေးစားစွာဖြင့်ဦးညွှတ်ကြသည်။

"သခင်"

ချူးဝူရုံကခေါင်းကိုခပ်သာသာညိတ်ပြသည်။

"မင်းတို့ဒီထိရောက်လာကြတာဘာကိစ္စရှိလို့လဲ?"

"သခင်,အမတကျွန်းမြေကပွင့်ပါပြီ" လူငယ်လေးကပါးစပ်ဖွင့်ပြီးပြောလာသည်။

"အမတကျွန်းပွင့်ပြီးသွားရင်သတင်းကိုရထားတဲ့Demigod အဆင့်ကျင့်ကြံသူအားလုံးအခွင့်အရေးကိုအရယူပြီးအထဲဝင်နိုင်ဖို့တစ်လအချိန်ရပါတယ်"

ချူးဝူရုံရဲ့မျက်လုံးထဲမှာအလင်းတစ်ချို့တောက်ပသွားပြီးတစ်ခြားသူများသူ့မျက်လုံးထဲကခံစားချက်ကိုမမြင်ရနိုင်ပေ။အချိန်အတော်လေးကြာမှသာသူကပြန်ပြောလာသည်။

"ကောင်းပြီ,ငါသိပြီ,မင်းတို့သွားလို့ရပြီ"

လူငယ်လေးဘေးမှာရပ်နေသည့်အမျိုးသမီးကစကားတစ်ခွန်းမဆိုသော်လည်းသူမထိုအခန်းထဲကပြန်ထွက်သွားတဲ့အချိန်မှာတော့မနေနိုင်စွာဖြင့်ခေါင်းကိုမော့ပြီးချူးဝူရုံကိုတိတ်တဆိတ်ငေးကြည့်မိသည်။ထိုအချိန်မှာချူးဝူရုံရဲ့အာရုံကသူတို့ဆီမှာလုံးဝရှိမနေနေပဲသူ့ခေါင်းကသူ့ဘေးမှာရှိနေသည့်လူငယ်လေးဆီမှာသာဦးတည်နေသည်။

အမျိုးသမီးရဲ့မျက်လုံးထဲကအမူအယာကမနေနိုင်စွာဖြင့်နက်မှောင်သွားရ၏။ပြီးနောက်မှာတော့သူမကသူမရဲ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ကာသူမရဲ့အကိုကြီးနောက်ကနေအလျင်အမြန်လိုက်ပါ၍အခန်းထဲမှထွက်သွားလိုက်သည်။

ထိုအချိန်မှာလီလျိုကတော့ထိုမောင်နှစ်မအတွဲဝင်လာသည်ကိုမြင်သည်နှင့်ချက်ချင်းပင်အတွေးထဲနစ်မြှုပ်နေပြီးသူတို့ထွက်သွားသည်အထိအာရုံပြန်မရသေးပေ။ပြီးနောက်မှာတော့ချူးဝူရုံကသူ့ကိုကြည့်နေတာအချိန်အတော်ကြာသွားပြီမှန်းသတိထားမိသွားသည်။သူကပါးစပ်ကိုဖွင့်လိုက်သော်လည်းဘာဆက်ပြောရမှန်းမသိဖြစ်နေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now