Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}

9.3K 899 21
                                    

Unicode

Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}

အချိန်တွေကုန်လွန်သွားပြီးနောက်ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်ဂျင်ချန်းဂျီလည်းဆေးရုံဆင်းပြီးလီလျိုနဲ့အတူဟန်းနီးမွန်းခရီးမှပြန်လာတာပင်သုံးလတာလွန်မြောက်ခဲ့ပြီ။

လီလျိုနဲ့ဂျင်ချန်းဂျီတို့ကသူတို့ရဲ့ကိုယ်ပိုင်အလုပ်များမှသတိပေးလာသည်အထိဟန်းနီးမွန်းခရီးကိုနှစ်ဝက်လောက်သွားလိုက်သည်။ပြီးတော့လည်းကွန်ပျူတာကိုနှစ်ဝက်ကျော်လောက်စာမရိုက်ပဲပစ်ထားလိုက်တော့လီလျိုရဲ့လက်တွေကနောက်တစ်ကြိမ်စာရိုက်ချင်လွန်းလို့ယားနေလေပြီ။

ထို့ကြောင့်ဂျင်ချန်းဂျီအလုပ်သွားသည်နှင့်သူလည်းသူ့အိမ်မှာအသိုက်ဆောက်ပြီးကွန်ပျူတာနှိပ်တော့သည်။နှစ်ဝက်ကျော်လောက်စာရိုက်ခြင်းမရှိတော့တာကြောင့်သံချေးတက်နေသည့်သူ့ရဲ့လက်မြန်နှုန်းသည်လည်းရက်အနည်းငယ်အကြာတွင်ခံစားမှုပြန်လည်ရရှိသွားသည်။

အဲ့ဒီထက်ပိုတာက{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကနောက်တစ်ကြိမ်အွန်လိုင်းဖြစ်နေခြင်းအားအတော်လေးအံ့အားသင့်ရသည်။

ချက်ချင်းပင်အပြုံးပုံအမူအယာကိုပို့ပေးလိုက်သည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကလည်းအလွန်လျင်မြန်စွာစာပြန်လာသော်လည်းသူ့စာကအတော်လေးကိုရိုးရှင်းလှသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အင်း]

လီလျိုကအလျင်အမြန်စာရိုက်လိုက်ပြီးပို့လိုက်ပြန်သည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [မတွေ့တာကြာပြီနော်အခုတစ်လောဘယ်လိုနေလဲ?]

တစ်ဖက်မှခေတ္တရပ်တန့်သွားပုံပေါ်သည်။တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့်တစ်မိနစ်ကျော်လောက်ကုန်သွားမှသာလီလျိုကိုစာပြန်လာသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အရမ်းကောင်းတယ် {အပြုံးမျက်နှာ}]

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now