Real World

12.9K 1.7K 46
                                    

Unicode

Real World

လီလျိုကသတိမရှိသည့်အခြေအနေမှ တစ်ဖြည်းဖြည်းခြင်းဆီနိုးလာခဲ့သည်။ မျက်စိဖွင့်ဖွင့်ခြင်းမြင်ရသည်ကနှစ်ပေါင်း များစွာရင်းနှီးကျွမ်းဝင်ခဲ့သည့်မျက်နှာ ကျက်ဖြစ်၏။

လီလျိုကခဏမှဗလာဖြစ်နေပြီးမှ အလျင်အမြန်ထထိုင်လိုက်ပြီးသူနှင့် အကျွမ်းတဝင်ဖြစ်နေသည့်ပရိဘောဂ များအားလုံးကိုလှည့်ပတ်ကြည့်လိုက်သည်။

သူတကယ်ပဲ....ပြန်လာခဲ့ပြီပဲ

လီလျိုမှာပျော်ရွှင်မှုတစ်စုံတစ်ရာမျှပင် မခံစားရပေ။သူကသူ့ဘယ်ဘက်လက် အားရှေ့သို့မြှောက်ကြည့်လိုက်သည်။ သူ့လက်ဖဝါးထဲမှာမည်သည့်အရာမျှ ရှိမနေသော်လည်းလီလျိုမှာထိုနေရာ ကထောင်ပေါင်းများစွာသောအလေးချိန် ရှိနေသလိုမျိုးအရမ်းကိုလေးလံနေသကဲ့လသို့ပင်ခံစားနေရ၏။

လီလျိုကချင်ယုရဲ့ပူနွေးသည့်မျက်ရည် များသူ့လက်ဖဝါးအတွင်းသို့ယိုစိမ့်နေသ ကဲ့သို့သူ့လက်ဖဝါးကိုဆုပ်ကိုင်ထား လိုက်မိသည်။

"ကိုယ့်ကိုမထားခဲ့ပါနဲ့!"

ချင်ယုရဲ့အသံကသူ့နားထဲတွင်ကြား နေရသေးသကဲ့သို့ပင်။

【ကြီးမြတ်တဲ့hostရေမူလကမ္ဘာ မှပြန်လည်ကြိုဆိုပါတယ်နော် ~】

လီလျိုကထိုအချိန်မှာချင်ယုရဲ့ကြေကွဲ ဝမ်းနည်းနေသည့်အမူအယာကသူ့စိတ် တစ်ခုလုံးတွင်ပြည့်နှက်နေသောကြောင့် ုပြန်မဖြေနိုင်သေးပေ။

【.......ကြီးမြတ်တဲ့host ဘာဖြစ်လို့လဲဟင်?】

လီလျိုရဲ့နှလုံးသားတစ်ခုလုံးက တင်းကြပ်နေပြီးသူ့ရဲ့ဘယ်ဘက် လက်ကိုသူ့ညာဘက်လက်ဖြင့် ုပြန်ဆုပ်ကိုင်ထားလိုက်သည်။

အခုသူကအဲ့ဒီငါးနှစ်လိုမဟုတ်ပဲ ချင်ယုရဲ့ကမ္ဘာကြီးကိုလုံးဝစွန့်ခွာခဲ့ပြီ ဖြစ်သည်။အခုတော့သူချင်ယုကိုပြန် တွေ့ခြင်တယ်ဆိုရင်တောင်တွေ့ဖို့ မဖြစ်နိုင်တော့ဘူး

အကယ်၍သူသာဒီလိုကမ္ဘာတွေကို စွန့်ခွာတိုင်းအရမ်းဝမ်းနည်းရမယ်၊ ပြန်ထွက်ဖို့ခက်ခဲနေမယ်ဆိုရင်.... အခုမှသူကပထမကမ္ဘာကိုပဲတွေ့ကြုံ ရသေးတာနောက်ပိုင်းတစ်ခြားကမ္ဘာ တွေကိုသွားတဲ့အချိန်သူဘယ်လိုလုပ်ရမလဲ?

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now