Arc(2.48)

7.1K 1.1K 41
                                    

Unicode

Arc(2.48) - Saint Magus

မနက်စာစားပြီးနောက်လီလျိုကဆိုဖာပေါ်မှာခဏမျှထိုင်နေလိုက်ပြီးသူ့ခန္တာကိုယ်ကပိုပြီးသက်တောင့်သက်သာဖြစ်လာသည်။

သူကမတ်တပ်ထရပ်လိုက်ကာအခန်းထဲဦးတည်ရာမဲ့လျှောက်နေလိုက်ပြီးမှပြတင်းပေါက်ရှေ့မှာရပ်လိုက်သည်။

အခုကဆောင်းတွင်းအလည်ဆိုတော့ပြတင်းပေါက်မှာငွေ့ရည်ဖွဲ့မှုကသိပ်သည်းနေတယ်လေအပြင်ဘက်ကအရာအားလုံးကမြူနှင်းတွေနဲ့ဖုန်းလွှမ်းနေပြီးကြည့်ရတာမြူဆိုင်းနေသည်။

လီလျိုကသူ့လက်ကိုဆန့်ထုတ်လိုက်ပြီးပြတင်းပေါက်မှငွေ့ရည်များအားဖယ်ရှားလိုက်သောအခါချက်ချင်းအပြင်ဘက်ကမ္ဘာရဲ့နှင်းဖြူထုကြီးပေါ်လာတော့သည်။

ကောင်းကင်ပေါ်မှာတော့ဖြူဖျော့ဖျော့အဝါရောင်နေတစ်စင်းရှိနေသည်။ကြည့်ရတာသူလည်းနှင်းအေးတွေကြောင့်ခဲနေသလိုပါပဲ...ဖြာကျနေတဲ့အလင်းတန်းကအပူချိန်အနည်းငယ်ကနွေးထွေးတဲ့အပူချိန်ရှိတယ်ဆိုတဲ့ထင်ယောင်မှားမှုလေးကိုသာပေးစွမ်းနေသည်။

အပြာရောင်ကောင်းကင်မှာတော့ဆီးနှင်းများကြနေတဲ့နေရာကလွဲရင်တိမ်အနည်းငယ်သာရှိသည်။အဲ့ဒါကကြီးမားတဲဝါဂွမ်းစကြီးတစ်ခုကနှစ်ပိုင်းကွဲပြီးအထက်ကောင်းကင်ယုံကနေအပိုင်းအပိုင်းအစစအလေးတွေကျဆင်းနေသလိုဖြစ်၏။

"အပြင်ထွက်ပြီးကြည့်ချင်လား?" အဲလ်ဗစ်ရဲ့အသံကလီလျိုရဲ့နောက်မှပေါ်လာသည်။

လီလျိုကပြတင်းပေါက်မှသူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီးအဲလ်ဗစ်အားလှည့်ကြည့်လိုက်လေသည်။

ထိုလူကဘယ်တုန်းကတည်းကသူ့နောက်ရောက်နေလဲမသိဘူး

"ဒါဆိုအပြင်အတူတူထွက်ကြမလား?"

အဲ့ဒါကသူဘယ်တုန်းကမှနှင်းကျတာကိုမမြင်ဘူးတာကြောင့်မဟုတ်ပဲအဲလ်ဗစ်နဲ့အတူတူရှိနေတဲ့ဒီနှစ်တွေမှာဒီလိုနှင်းများ,များပြားစွာကျဆင်းတာကလက်တစ်ဆုပ်စာသာရှိလို့ဖြစ်သည်။

ပြီးတော့လည်းလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကသူအိပ်ယာပေါ်မှာအဲလ်ဗစ်တွန်းလှဲချတာကိုခံထားခဲ့ရပြီးအပြင်ထွက်ဖို့အခွင့်အရေးမရှိခဲ့ဘူးလေ။လတ်ဆတ်တဲ့လေကိုသူရှုချင်နေတယ်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now