Extra; the New Emperor and Empress

10.5K 1K 28
                                    

Unicode

Extra; the New Emperor and Empress

လီလျိုသည်သူ့ခန္တာကိုယ်ကနွေးထွေးတဲ့ရေထဲမှာမျောနေသလိုမျိုးခံစားနေရသည်။ခဏလောက်ကြာပြီးနောက်မှသာသူ့ခန္တာကိုယ်မှအလေးချိန်ကိုအာရုံပြန်ခံလို့ရ၏။

မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်တဲ့အခါမှာတော့သူကရထားလုံးတစ်ခုထဲထိုင်နေတာကိုသိသွားရသည်။လီလျိုကခေါင်းကိုငုံ့လိုက်ပြီးသူ့ကိုယ်သူကြည့်လိုက်တော့သူကခန္တာကိုယ်နဲ့ကွက်တိကျပြီးသက်တောင့်သက်သာရှိလှသည့်ဝတ်စုံကိုဝတ်ဆင်ထားကာအပေါ်ကနေမီးခိုးရောင်ခြုံထည်ဖြင့်ခပ်လျော့လျော့လွှားခြုံထားသည်ကိုမြင်လိုက်ရသည်။

[host,ပထမဆုံးကမ္ဘာကိုပြန်ရောက်ပါပြီ~]

လီလျိုရဲ့စိတ်ထဲမှာရှောင်းချီကပြောလာသည်။

လီလျိုသည်အပြင်ဘက်မှကျယ်လောင်စွာကြားနေရတဲ့ဘီးလှိမ့်သံများကိုနားထောင်ရင်းကန့်လန့်ကာကိုဖွင့်ကာချင်ယုကိုကြည့်ချင်သည့်စိတ်များကိုဖိနှိပ်ထားရသည်။

တကယ်တော့ကမ္ဘာအစစ်မှာဂျင်ချန်းဂျီနဲ့အတူတကွနေပြီးနောက်မှာပထမကမ္ဘာမှာတုန်းကချင်ယုနဲ့အတူသူ့နှလုံးသားကိုမရင်ဆိုင်ခဲ့မိသည့်အပေါ်ရခဲ့သည့်နောင်တများလျော့နည်းလာရသည်။ဒါပေမဲ့လည်းထိုကိစ္စကသူ့နှလုံးသားထဲကကြိုးထုံးဖြစ်နေဆဲပင်။

ထို့ကြောင့်ဒီတစ်ခေါက်ဂျင်ချန်းဂျီတစ်ပတ်ကြာအလုပ်ခရီးသွားနေတဲ့အချိန်မှာလီလျိုကထိုအခွင့်အရေးကိုအသုံးချပြီးပထမကမ္ဘာသို့ပြန်လာလိုက်သည်။ဒါ့အပြင်ရှောင်းချီကိုလည်းဒီစာအုပ်ထဲကနောက်ဆုံးအောင်နိုင်ခြင်းတိုင်းပြည်ဖြစ်တဲ့ချင်းရှောင်းတိုင်းပြည်ကိုချင်ယုတိုက်ခိုက်တဲ့နေ့အားပြန်လာနိုင်ဖို့အချိန်သတ်မှတ်ခိုင်းခဲ့၏။

လီလျိုကသူ့လက်ကိုဆုပ်ထားလိုက်ပြီးသူကိုယ်တိုင်ဒီခန္တာကိုယ်နဲ့အပြည့်အဝရင်းနှီးလာပြီလို့ခံစားရမှသာရထားလုံးနံရံသို့ပြန်မှီချလိုက်သည်။

ရထားလုံးကရှေ့သို့ဖြည်းညှင်းစွာသွားနေပြီးလမ်းခုန်တာမျိုးလိုမျိုးမသက်မသာခံစားချက်မျိုးမရလုနီးပါးပင်။တစ်နာရီကျော်ကြာပြီးနောက်ရထားလုံးကဖြေးညှင်းစွာရပ်သွားပြီးရထားလုံးတံခါးပွင့်လာသည်။ချင်ယုကရထားလုံးအပြင်ဘက်မှာဖြောင့်မတ်စွာရပ်နေပြီးသူ့ဘက်ကိုကြည့်နေတဲ့မျက်လုံးများကနက်ရှိုင်းလှသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now