Arc(3.4)

6.2K 1K 18
                                    

Unicode

Arc(3.4)

လီလျိုကချူးဝူရုံကိုပြန်ခေါ်လာ ပြီးနောက်မှာမူလစာအုပ်ထဲတွင် ရေးထားချက်အရသူ့ကိုအရင်ဆုံး 'အခြေခံကျင့်ကြံရေးနည်းလမ်း မိတ်ဆက်'ကိုလေ့လာဖို့ပေးလိုက်ပြီး လက်ဆောင်အဖြစ်ချူးဝူရုံနှင့်သင့် တော်မယ်ထင်သည့်နည်းစနစ်စာလိပ် တစ်ချို့ကိုပါထပ်ပေါင်းထည့်ပေး လိုက်ကာချူးဝူရုံအားသူ့ဘာသာသူ လေ့လာခိုင်းလိုက်သည်။

မူလဇာတ်ကြောင်းထဲမှာလည်း ကုချင်းချန်းကချူးဝူရုံကိုပျိုးထောင် ရာမှာထိုကဲ့သို့သောမူဝါဒမျိုးကိုသာ ကျင့်သုံးခဲ့သည်။ချူးဝူရုံကမည်မျှ နားလည်နိုင်လဲဆိုတာကတော့ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ပေါ်မှာသာ မူတည်သည်။နားမလည်နိုင်သည့် ပြဿနာများရှိလာမှသာသူ့အား အကြံတစ်ခုနှစ်ခုပေးတတ်၏။

ပြောစရာမလိုအောင်ပင်လက်ရှိ လီလျိုသည်လည်းဘာမှမသိဘူးလေ။ ထို့ကြောင့်အကယ်၍သူကသူ့ကို လမ်းညွှန်ပြသတာဒါမှမဟုတ် တစ်ခြားတစ်ခုခုလုပ်ပေးချင် ရင်တောင်သူ့ဆီမှာအကြံဉာဏ် ကောင်းရှိဖို့တော့မမျှော်လင့်ထားနဲ့ပဲ.. သူကချူးဝူရုံကိုသူနားလည်ထားတဲ့ အတိုင်းပြောမိလို့မှားယွင်းတဲ့လမ်း ကြောင်းကိုလမ်းပြပေးမိယုံတင် မကဘူးအကယ်၍သူ့စိတ်အတွင်း ထဲကနတ်ဆိုးကိုမြင့်တက်စေသည် အထိလမ်းလွှဲမသွားရင်ပဲကျေးဇူး တင်ရမည်။

ထိုအခြေအနေနှင့်စပ်လျဉ်း၍ လီလျိုကရှောင်းချီကိုမေးမြန်း ထားပြီးအကယ်၍ဇာတ်လိုက် မှာမေးခွန်းတစ်ခုခုရှိလာရင် systemကသေချာပေါက်ဖြေရှင်း နိုင်မယ့်နည်းလမ်းရှာပေးမယ် ဟုရှောင်းချီကပြန်ပြောထားသည်။ ထိုအချိန်မှသာလီလျိုသည်သူ့စိတ် ထဲကပူပန်မှုကိုဖြေလျော့နိုင်သည်; ပြီးတော့လည်းသူတကယ်ကိုကျင့် ကြံရေးနဲ့ပတ်သတ်ပြီးဘာကိုမှမသိဘူးလေ

သို့သော်ဒီခန္ဓာကိုယ်ကNascent Soulအဆင့်မှာကျင့်ကြံနေတဲ့ပါရမီ ရှင်ဖြစ်နေသောကြောင့်စစ်မှန်တဲ့ ကျင့်ကြံရေးကမ္ဘာနဲ့လိုက်လျော ညီထွေဖြစ်အောင်လုပ်ဖို့အလွန် ခဲယဉ်းလှသည်။သေချာပေါက် လီလျိုကတော့ဒီလိုအသစ်အဆန်း  ကမ္ဘာကိုစမ်းသပ်နိုင်မည့်အခွင့်အရေး အားလက်လွှတ်မှာမဟုတ်ပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now