Arc(2.43)

5.6K 1K 12
                                    

Unicode

Arc(2.43) - Saint Magus

သူတို့ထိုပျက်စီးနေတဲ့နေရာကို ဝင်ခဲ့တုန်းကလိုပဲလီလျိုမှာသူ့အာရုံ တွေအားလုံးဆုံးရှုံးပြီးသူ့ကိုယ်က ကွဲထွက်နေတယ်လို့ခံစားလိုက်ရကာ ထူးဆန်းတဲ့အာကာသတစ်ခုထဲနစ် မြှုပ်ပြီးဝင်သွားရသလိုပင်။

သူ့အသိစိတ်ကိုပြန်ရတဲ့အချိန်မှာ တော့သူနဲ့အဲလ်ဗစ်တို့ကကောင်းကင် မှပြုတ်ကျနေသည်ကိုတွေ့လိုက်ရပြီး လေပြင်းများကသူတို့ခန္တာကိုယ်ပေါ်က အင်္ကျီများတစ်ဖြတ်ဖြတ်လွင့်စေရန် အောက်မှပင့်တိုက်နေသည်။

အဲလ်ဗစ်ရဲ့လက်ကသူ့ခါးမှာပတ်ထား ပြီးသူတို့အောက်မှမြေပြင်မှာတော့ သားရဲတစ်ကောင်ရဲ့ဟိန်းသံကိုကြား လိုက်ရသည်။လီလျိုမှာအဲ့ဒါကထူး ဆန်းတယ်လို့ခံစားရတာကြောင့် အောက်ငုံ့ကြည့်လိုက်သောအခါ အီလိုင်ကသူ့သွားချွန်များအားပြင်း ပြင်းထန်ထန်ဖိကြိတ်ထားပြီးသူ့ရှေ့ ကသွေးနီရောင်မျက်လုံးတစ်စုံရှိသည့် သတ္တဝါအားသူ့ရှေ့ခြေထောက်ဖြင့် ဝှေ့ယမ်းနေသည်။ထိုသတ္တဝါရဲ့ခန္တာ ကိုယ်ကနက်မှောင်နေပြီးပတ်ဝန်းကျင် ကအနက်ရောင်မြူခိုးများနှင့်ဝိုင်းရံနေ ကာထိုထူးဆန်းတဲ့သတ္တဝါမှာချွန်ထက် တဲ့သွားများရှိနေသည်။

လီလျိုကဂရုတစိုက်မကြည့်နိုင်သေးပဲ အနည်းငယ်တိုက်ခတ်နေတဲ့လေသံကို ကြားလိုက်ရသလိုသူ့ဘေးမှာလည်း အနက်ရောင်အရိပ်တစ်ခုပေါ်လာတာ ကိုခံစားလိုက်ရပြီးရုတ်တရက်သူ့မြင် ကွင်းကိုဖုံးအုပ်လိုက်သည်။

လီလျိုတစ်ဖက်လှည့်ကြည့်လိုက်သည့် အခါထိုအရာကအောက်မှာအီလိုင်နဲ့ ရင်ဆိုင်တိုက်နေသည့်သတ္တဝါနှင့်တူ ညီသည့်ထူးဆန်းသောသတ္တဝါဖြစ်နေ သည်ကိုမြင်လိုက်ရပြီးသူနဲ့အဲလ်ဗစ် ရှိရာသို့သူ့သွားချွန်များရှိနေသည့် ပါးစပ်ကြီးများဖြဲပြီးပြေးဝင်လာသည်။

လီလျိုကမသိစိတ်မှာသူ့သားရဲပုံစံ ကိုပြောင်းလိုက်ချင်သော်လည်းသူမ လုပ်ရသေးခင်မှာပဲသူ့ရှေ့ကမကောင်း ဆိုးဝါးကချက်ချင်းနာကျင်စွာအော် မည်လိုက်ပြီးသူ့ခန္တာကိုယ်ကနှစ်ပိုင်း ကွဲထွက်သွားကာကောင်းကင်မှအောက် သို့ပြုတ်ကျသွားလေပြီ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now