Arc(3.30)

4.3K 764 12
                                    

Unicode

Arc(3.30)

မခြောက်သေးတဲ့ဆံနွယ်များကလူငယ်လေးရဲ့ဝတ်ရုံအဖြူနောက်ကိုစိုစွတ်စေတာကြောင့်အဝတ်ကတစ်ဝက်လောက်ဖောက်မြင်လာရပြီးချူးဝူရုံအားအတွင်းပိုင်းအသားအရည်ကိုဖျော့ဖျော့လေးမြင်ရစေသည်။ထိုအချိန်မှာပဲဆည်းဆာရဲ့တောက်ပတဲ့ရောင်ခြည်အောက်မှာလူငယ်လေးရဲ့ကိုယ်လုံးကနွေးထွေးမှုနဲလွှမ်းခြုံထားသလိုပင်။

ချူးဝူရုံသည်သူ့ကိုနောက်ကျောပေးထားသည့်လူငယ်လေးအားတိတ်တဆိတ်စောင့်ကြည့်နေမိသည်။သူ့ပါးစပ်ထဲပျော်ဝင်လာသည့်အရသာသည်လည်းအတော်လေးရင်းနှီးနေ၏။

အဲ့ဒီအချိန်တုန်းကသူ့ရဲ့ချစ်ရသူသည်သူ့ကိုယ်သူဖောက်ခွဲလိုက်သည်အားကိုယ်တိုင်မြင်ခဲ့ရသည်။အကယ်၍သူလက်မခံချင်ဘူးဆိုရင်တောင်Nascent Soulကျင့်ကြံသူတစ်ယောက်ရဲ့ကိုယ်ကိုကိုယ်ဖောက်ခွဲမှုကပြန်ကောင်းလာစရာအကြောင်းအရင်းလုံးဝကိုမရှိပေ။ထို့ကြောင်လည်းကုချင်းချန်းရဲ့အသက်ကိုပြန်ရနိုင်မယ့်လျို့ဝှက်နည်းလမ်းအားရှာဖွေရန်ကြိုးစားနေခဲ့ခြင်းဖြစ်သည်။

ဒီအချိန်မျိုးမှာဒီလူငယ်လေးသူ့ရှေ့ပေါ်လာရတဲ့ရည်ရွယ်ချက်ကဘာလဲ?

ချူးဝူရုံသည်ထိုနေရာထိတွေးမိသွားသောအခါသူ့မျက်လုံးများကအတိုင်းအတာတစ်ခုထိပိုပြီးနက်မှောင်သွားပြီးတူကိုကိုင်ထာသည့်သူ့လက်များသည်လည်းတင်းကြပ်သွားသည်။

ဒါ့အပြင်ကိုဒီအချိန်မှာကုချင်းချန်းကသူ့အတွက်ဒီစားစရာတွေလုပ်ပေးခဲ့တယ်ဆိုတာဘယ်သူမှမသိနိုင်ဘူး....ဘယ်လိုလုပ်ဒီလူငယ်လေးကသိနေရတာလဲ?ပြီးတော့ဘာဖြစ်လို့အရသာကဒီလောက်ဆင်တူနေရတာလဲ?

ထိုအကြောင်းကိုပိုပြီးစဉ်းစားမိလေလေအတော်လေးသံသယများစရာအချက်တွေရှိကြောင်းသိသွားရသည်။ဒီလူငယ်လေးကိုသူနဲ့အနီးဆုံးနေရာဆီပြောင်းလိုက်တာပိုကောင်းလိမ့်မယ်..ပြီးရင်သူ့ကိုသေသေချာချာလေ့လာစူးစမ်းမယ်....ဘယ်လိုပဲဖြစ်ဖြစ်ဒီခြံဝင်းထဲမှာလည်းအခန်းအပိုတွေရှိနေသေးတယ်..အဲ့ဒါအပြင်ကိုအဲ့ဒီအခန်းကကုချင်းချန်းမူလနေခဲ့တဲ့အခန်းနဲ့တစ်ပုံစံတည်းပဲ

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now