Arc(3.24)

4.7K 787 8
                                    

Unicode

Arc(3.24)

ဥဒဟိုသွားလာနေသောလူများပြည့်နေသည့်ကျောက်မျက်ရတနာမြို့တော်ထဲတွင်,ကျင့်ကြံသူများအကြားဖြေးညှင်းစွာလျှောက်နေသည့်အနက်ရောင်ခြုံလွှာနှင့်လူတစ်ယောက်ကကျောက်မျက်ရတနာမြို့ရဲ့အကြီးဆုံးတည်းခိုခန်းရှေ့မှာရပ်လိုက်သည်။

ဒီမှာဖွင့်ထားတဲ့ကျင့်ကြံသူတည်းခိုခန်းကသာမာန်ကမ္ဘာကတည်းခိုခန်းများနဲ့မတူပေ။ဝင်ပေါက်နှစ်ခုလုံးမှာဧည့်သည်တွေကိုကြိုဆိုသည့်စားပွဲထိုးလေးများရှိနေသည်။တည်းခိုခန်းထဲဝင်ပြီးနောက်မှာအဆင့်နိမ့်အခန်းကလွဲရင်သေချာရန်အတွက်အရင်ဆုံးအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်ခုကိုပေးချေရန်လိုအပ်သည်။

သေချာတာတော့အကယ်၍သင်ကပိုကောင်းတဲ့အခန်းလိုချင်တယ်ဆိုရင်ဝိဉာဏ်ကျောက်တုန်းပိုပြီးပေးရန်ပေမည်။

ပြီးတော့လည်းကျင့်ကြံသူတွေဆိုတာကသာမာန်လူတွေလိုမျိုးသူတို့ရဲ့ဝင်ပေါက်ထွက်ပေါက်ကိုအမြဲတမ်းရှာဖွေရန်မလိုအပ်ဘူးလေ။ကျင့်ကြံသူအများစုသည်အရိပ်မမြင်ရအောင်ရောက်လာပြီးသဲလွန်စအကျန်အောင်ပြန်ထွက်ခွာသွားနိုင်သည့်ကိုယ်ပိုင်အရည်အချင်းရှိကြသည်။

တည်းခိုခန်းကပိုက်ဆံရှာဖို့ဖွင့်ထားတာဖြစ်သည့်အတွက်အကယ်၍ကျင့်ကြံသူတွေက,နေပြီးတာနဲ့ငွေပေးချေခြင်းမရှိပဲသဲလွန်စမကျန်အောင်ပျောက်သွားမယ်ဆိုရင်သူတို့စီးပွားရေးသည်လည်းအဆုံးသတ်သွားလိမ့်မည်။

တည်းခိုခန်းပိုင်ရှင်ကကောင်တာမှထိုင်ခုံပေါ်တွင်ပျင်းရိစွာထိုင်နေပြီးအနက်ရောင်အရိပ်တစ်ခုကောင်တာရှေ့မှာပေါ်လာမှသာသူ့မျက်ခမ်းများကိုမော့ကြည့်သည်။

"အဆင့်နိမ့်အခန်းဆိုရင်တစ်ညကိုအဆင့်နိမ့်ဝိဉာဏ်ကျာက်တုန်းဆယ်တုန်း...ပြီးတော့ငွေကြိုသွင်းထားစရာမလိုဘူး;အလယ်ဆင့်အခန်းအတွက်တော့တစ်ညကိုအဆင့်နိမ့်ဝိဉာဏ်ကျောက်တုန်းတစ်ရာပေးရမယ်...ကြိုသွင်းငွေကအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်တုန်း;ထိပ်တန်းအဆင့်အခန်းဆိုရင်တော့တစ်ညကိုအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်တုန်းပေးရမယ်,ကြိုသွင်းငွေကတော့အလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းသုံးတုန်းပါ....ဧည့်သည်ခင်ဗျာ,ဘယ်လိုအခန်းမျိုးလိုအပ်တာပါလဲ?"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now