Arc(2.23)

7.8K 1.3K 10
                                    

Unicode

Arc(2.23) - Saint Magus

ပြတင်းပေါက်မှတစ်ဆင့်ဖြာကျလာ တယ့်နေရောင်ခြည်ကကန့်လန့်ကာရဲ့ တားဆီးခြင်းကိုခံရပြီးအခန်းထဲမှာမြူ ဆိုင်းနေသလိုအလင်းဖျော့ဖျော့သာ ရှိနေသည်။

မနေ့ညကသူဘယ်အချိန်အိပ်ပျော် သွားလဲဆိုတာလီလျိုမသိပေမယ့် သူ့ရဲ့နှစ်ရှည်လများအကျင့်ဖြစ်နေတဲ့ ခန္တာကိုယ်နာရီကသူ့ကိုအချိန်မှန်မှာ ချက်ချင်းနိုးလာစေသည်။အဲ့ဒီလိုဆိုပေ မဲ့မူးနောက်နောက်ဖြစ်နေတာကြောင့် လီလျိုကညင်သာစွာညည်းညူလိုက် ကာသူ့မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ချက်ချင်းပင်သူ့တစ် ကိုယ်လုံးကထုံကျင်ပြီးနာနေတာကို ခံစားလိုက်ရကာအထူးသဖြင့်တော့သူ့ နောက်ကျောကဖြစ်သည်။သူ့ခန္တာကိုယ် တစ်ခုလုံးကအလွန်မသက်မသာဖြစ်နေ သော်လည်းသေချာပေါက်ဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးထားသည်ကတော့ ထင်ရှားသည်။ဒါကြောင့်လည်းသူအိပ် ယာပေါ်မှာလဲလျောင်းနေတဲ့အချိန်မှာ စေးကပ်နေတဲ့ခံစားချက်မျိုးမခံစားရပေ။

လီလျိုကသူ့ခန္တာကိုယ်ကိုရွှေ့လျား လိုက်ပြီးသူမသက်မသာဖြစ်နေပေ မယ့်သည်းခံလို့ရသေးတယ်လို့တော့ ခံစားရသည်။သူထချင်တယ်ပြီးတော့ အဝတ်အစားတွေဝတ်ချင်ပေမယ့်သူ့ ခါးနားမှာလက်မောင်းတစ်ဖက်ရှိနေပြီး သူ့ခြေထောက်များသည်လည်းပိုပြီး အားကြီးတဲ့ရှည်လျားတဲ့ခြေထောက် များကြားမှာညှပ်ပိတ်မိနေသည်။သူက သူ့နောက်ကလူရဲ့တင်းတင်းကြပ်ကြပ် ဖက်ထားမှုကိုလည်းခံနေရတာကြောင့် လုံးဝကိုထလို့မရပေ။

သူ့ရဲ့လှုပ်ရှားမှုများကြောင့်သူ့နောက် ကလူကလည်းဖြည်းညှင်းစွာနိုးလာပြီး သူ့ခါးနားမှလက်များကရုတ်တရက် တင်းကြပ်သွားကာသူ့မှာပိုပြီးတင်း တင်းကြပ်ကြပ်အဖက်ခံလိုက်ရ၏။

"နိုးပြီလား"

သူ့ရဲ့ကိုယ်ဗလာနောက်ကျောမှာ နွေးထွေးတဲ့အသက်ရှုသံကိုခံစားလိုက် ရပြီးပိုပြီးနွေးထွေးကာနူးညံ့တဲ့အရာက သူ့နောက်ကျောကိုတစ်ခါထပ်နမ်းလိုက် သောကြောင့်လီလျိုမှာချက်ချင်းပင် လည်ပင်းလေးကျုံ့သွားမိပြီးသူ့မျက်နှာ ပေါ်မှာပန်းရောင်တစ်လွှာပေါ်လာရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now