Arc(3.35)

5.2K 748 3
                                    

Unicode

Arc(3.35)

ထိုနေ့၌ကုချင်းချန်းနေထိုင်ခဲ့သည့်အခန်းနှင့်တစ်ပုံစံတည်းတူနေသောအခန်းတွင်းတွင်ချူးဝူရုံကလီလျိုကိုလုံးဝသိမ်းပိုက်လိုက်ရမှသာသူ့ရင်ထဲကယခင်စွဲလမ်းတမ်းတခဲ့ရခြင်းတွေအနည်ထိုင်သွားရပုံရသည်။ထို့နောက်သူကလီလျိုအားယခင်ခြံဝင်းထက်အဆပေါင်းများစွာပိုကြီးသည့်နန်းတော်၌နေရန်ခေါ်သွားခဲ့သည်။ဤနန်းတော်သည်မူလနတ်ဆိုးသခင်နေထိုင်သောနေရာဖြစ်သည်။

လီလျိုကိုနန်းတော်ရှိရာပြန်ခေါ်လာပြီးနောက်ချူးဝူရုံသည်နန်းတော်တစ်ခုလုံးအားချက်ချင်းပြန်လည်ပြုပြင်မွမ်းမံပြီးမူလကအလွန်ကိုဇိမ်ခံပစ္စည်းများနှင့်ပြည့်နှက်နေသည့်နန်းတော်ကိုသူနဲ့လီလျိုတို့နှစ်သက်သည့်ပုံစံအဖြစ်ပြောင်းလဲခဲ့သည်။

အကယ်၍ဤမျှကြီးမားသောစီမံကိန်းကိုသာမန်လူတစ်ဦးထံလွှဲပြောင်းပေးခဲ့ရင်ပြီးဆုံးရန်အနည်းဆုံးတစ်လကျော်ကြာလိမ့်မည်။သို့သော်ချူးဝူရုံသည်ထိုကိစ္စကြီးတစ်ခုလုံးကိုရွမ်မင်းနန်းတော်ရှိအကြီးအကဲများကိုတာဝန်လွှဲလိုက်တာကြောင့်နန်းတော်တစ်ခုလုံးသူမှာထားတဲ့အတိုင်းပြောင်းလဲရန်သုံးရက်သာကြာလိုက်သည်။ထို့အပြင်၎င်းအပြောင်းအလဲများကိုတိတ်ဆိတ်စွာသာပြုလုပ်ခဲ့ပြီးအထဲမှာနေတဲ့ချူးဝူရုံနဲ့လီလျိုတို့နှစ်ယောက်လုံးကိုအနှောင့်အယှက်မပေးခဲ့ပေ။

****

နံနက်စောစောနေရောင်ခြည်ကကြီးမားသောအခန်းကြီးထဲသို့ပြတင်းပေါက်မှတစ်ဆင့်ဝင်လာပြီးနက်ပြာရောင်အိပ်ယာခင်းပေါ်မှာလဲလျောင်းနေသည့်လူငယ်လေးပေါ်ကိုဖြာကျနေသည်။

ထိုလူငယ်လေးတွင်မနက်ခင်းနှင်းရည်များဖြင့်စိုလန်းနေသောမက်မွန်ပန်းလေးများထက်ပို၍လှပသည့်မျက်နှာလေးရှိသည်။ဒီအချိန်မှာတော့သူ့ရဲ့နူးညံ့သိမ်မွေ့ပြီးရှည်လျားသည့်နှဖူးကအနည်းငယ်တွန့်ချိုးနေ၏။မူလကအရောင်ဖျော့ဖျော့နှင့်နုှတ်ခမ်းသည်လည်းနီသွေးရောင်ဖြစ်နေကာအနည်းငယ်ပင်ရောင်နေတာကြောင့်မကြာသေးခင်ကမှတစ်စုံတစ်ဦးရဲ့ချစ်ခင်မြတ်နိုးခြင်းကိုခံယူထားရပုံပေါ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now