Arc(2.13)

8.7K 1.5K 8
                                    

Arc(2.13) - Saint Magus

Unicode

လီလျိုကအဲလ်ဗစ်ရဲ့စားပွဲခုံရှေ့တွင် လဲလျောင်းနေသည်။သူ့အမြီးလေးက သူ့ခန္တာကိုယ်အားပတ်ထားသောကြောင့် တစ်ကိုယ်လုံး...လုံးလုံးဝိုင်းဝိုင်းလေးဖြစ် နေ၏။သူ့ရဲ့နူးညံ့သောကြောင်မွှေးလေး များပါထပ်ပေါင်းထည့်လိုက်သည့်အခါ မှာတော့သူ့ပုံစံကနှင်းဘောလုံးလေး တစ်လုံးကဲ့သို့ထင်ရစေသည်။

ထိုအမွှေးလုံးလေးမှာတြိဂံပုံစံနားရွက် လေးများနှင့်ပန်းရောင်နှာခေါင်းသေး သေးလေးရှိပြီးလုံးဝန်းနေသည့်ပယင်း ရောင်မျက်လုံးများလည်းရှိသည်။ အဲလ်ဗစ်သူ့ကိုစာသင်ခန်းထဲသို့ပထမဆုံး အကြိမ်ခေါ်သွားခဲ့စဉ်ကချက်ချင်းပင် အတန်းထဲမှမိန်းကလေးသုံးယောက်ဆီ ကအာရုံစိုက်ခြင်းခံခဲ့ရပြီးထိုအထဲမှ တစ်ယောက်ကလူနာဖြစ်သည်။အဲလ်ဗစ်ကလီလျိုကိုပွေ့ပြီးအတန်းထဲဝင်လာသည် အားတွေ့လိုက်သည်နှင့်သူမရဲ့မျက်လုံး များကချက်ချင်းပင်တောက်ပသွား တော့လေသည်။

လူနာမှာရှေ့ကိုသွားပြီးထိုကြောင်လုံး လေးကိုထိချင်သော်လည်းအဲလ်ဗစ် ထုတ်လွှင့်နေသည့်ဖိအားအောက်မှာ သူမရဲ့လှုပ်ခါနေသည့်နှလုံးသားကိုတား ဆီးလိုက်ရပြီးတစ်ခြားမိန်းကလေးနှစ် ယောက်မှာလည်းဒီလိုပဲဖြစ်သွားလေ၏။ အဲလ်ဗစ်ကချည်းကပ်ဖို့မလွယ်ဘူးဆိုတဲ့ အချက်ကိုသတိပြုမိကြပြီးနောက် ထိုမြင်ကွင်းကိုကြည့်နေကြသည့် မျက်လုံးတစ်ချို့ကလည်းအဲလ်ဗစ် အားမချဉ်းကပ်ဝံ့ကြတော့ပေ။

သူတို့ပြန်လာပြီးညနေဘက်ပိုင်းမှာ လီလျိုကသူ့တိုးတက်မှုပြဇယားကို ချက်ချင်းစစ်ဆေးလိုက်သည့်အခါ ဇယားကလက်ရှိမှာဇာတ်ကြောင်းရဲ့ (၁၃%)ကိုရောက်ရှိနေပြီဆိုတာတွေ့ လိုက်သောကြောင့်အဲလ်ဗစ်အိပ်နေ သည့်အချိန်ကိုအခွင့်ကောင်းယူလိုက် ပြီးရှောင်းချီအားခေါ်ကာဈေးဆိုင်ကို ဖွင့်ကြည့်လိုက်သည်။

ဈေးဆိုင်မှာရှိသည့်ပစ္စည်းများမှာ ယခင်ကမ္ဘာနှင့်နှိုင်းယှဉ်ရင်မှော်ကမ္ဘာမှာ အသုံးပြုနိုင်မည့်ပစ္စည်းများပိုမိုပေါများ နေပြီးပထမကမ္ဘာလိုအထင်မှားစရာ အရာမျိုးသိပ်မရှိတာကြောင့်ရနိုင်သည့် ပစ္စည်းများပေါများကာလီလျိုအား မူးနောက်သွားစေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now