Unicode
Arc(2.5) - Saint Magus
သေချာပေါက်ပင်....အဲလ်ဗစ်က အခြေအနေကိုသေချာရှင်းပြခဲ့သော် လည်းအကြီးအကဲကြီးကသူ့ရဲ့တောင်း ဆိုချက်ကိုလိမ္မာပါးနပ်စွာဖြင့်ရှောင်ရှား ခဲ့သည်။အကြီးအကဲကအိမ်တော်ကြီး ရဲ့ဝင်ပေါက်မှတစ်ဆင့်အထဲဝင်သွားပြီး သည်အထိအဲလ်ဗစ်မှာမည်သည့်အသုံး ဝင်လောက်သည့်သတင်းအချက်အ လက်ကိုမှမရရှိခဲ့ပေ။
လီလျိုကအိတ်ထဲမှာရှိနေဆဲဖြစ်ပြီး အပြင်ဘက်မှာဘာဖြစ်နေလဲမမြင်ရ သော်လည်းအဲလ်ဗစ်ရဲ့မျှော်လင့်ချက် မဲ့သွားရသည့်ခံစားချက်ကိုရှင်းရှင်း လင်းလင်းခံစားလို့ရနေသည်။
အကြီးအကဲထွက်သွားပြီးဖြစ်တာ ျတာင်အဲလ်ဗစ်ကထိုနေရာမှာပဲရုပ်ထု တစ်ခုလိုလှုပ်ရှားမှုကင်းမဲ့စွာဖြင့်ရပ် တန့်နေဆဲပင်။
လီလျိုကသူနေနေသည့်အိတ်ရဲ့အပေါ် ဖုံးကိုဖွင့်လိုက်ပြီးသူ့လက်သည်းလေး ကိုဆန့်ထုတ်ကာအဲလ်ဗစ်ရဲ့ပုခုံးပေါ် ခုန်တက်လိုက်သည်။အဲလ်ဗစ်ရဲ့မှောင် မိုက်နေသည့်မျက်ဝန်းများကိုကြည့်ရင်း လီလျိုကအတော်လေးကြာတဲ့အထိ တိတ်ဆိတ်စွာရပ်နေလိုက်ပြီးမှသူ့ခေါင်း ကိုလှုပ်ရှားလိုက်၍အဲလ်ဗစ်ရဲ့ပါးကို ပွတ်သပ်ပေးလိုက်ကာသူ့လျှာလေးကို ထုတ်ပြီးအဲလ်ဗစ်ရဲ့မျက်နှာကိုလျှက်ပေး နေမိသည်။အခုချိန်မှာသူကတိရစ္ဆာန်ပုံစံ ဖြစ်နေပြီးစကားမပြောနိုင်တာကြောင့် သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက နှစ်သိမ့်မှုပေးတဲ့လုပ်ရပ်သာရှိသည်လေ။
အဲလ်ဗစ်ကထိုနေရာမှာအချိန်အကြာ ကြီးရပ်နေလိုက်ပြီးမှလှည့်ပြီးထိုနေရာ မှထွက်ခွာသွားလိုက်လေသည်။သူ လှည့်လိုက်သည့်ထိုခဏမှာအဲလ်ဗစ် ရဲ့မျက်လုံးထဲဖြစ်ပေါ်နေသည့်ပြင်း ထန်သောဒေါသတရားနှင့်သူ့မျိုးနွယ် စုအပေါ်နာကျည်းချက်များကိုမြင် လိုက်ရသည်။
အဲလ်ဗစ်ကသူ့လက်များကိုလက်သီး အဖြစ်တင်းတင်းကြပ်ကြပ်ဆုပ်ထား သောကြောင့်သူ့လက်ဖဝါးအလည် ခေါင်ပင်ကွဲထွက်လာပြီးတောက်ပ၍ နီရဲသောသွေးများပင်ထွက်လာခဲ့လေပြီ။
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...