Arc(2.32)

5.8K 1K 4
                                    

Unicode

Arc(2.32) - Saint Magus

လီလျိုသည်ပွဲရဲ့ရလဒ်ကိုသိပြီးသားဖြစ်ပေမယ့်မနေနိုင်ပဲအဲလ်ဗစ်အတွက်ရင်တုန်မိနေဆဲပင်။

အလွန်ထင်ရှားတဲ့အသွင်အပြင်နဲ့လူငယ်လေးနှစ်ယောက်စင်ပေါ်တက်လာသောအခါအောက်မှာရှိတဲ့အမျိုးသမီးပရိသတ်ရဲ့လေးပုံတစ်ပုံလောက်ကိုသိမ်းပိုက်လိုက်ပြီးရှုပ်ထွေးမှုအနည်းငယ်ကဘာမှမတတ်နိုင်ပဲပေါ်လာခဲ့ရသည်။အမျိုးသားပရိသတ်များသည်လည်းသူတို့နှစ်ယောက်ရဲ့ယခင်ပွဲစဉ်များနဲ့နှိုင်းယှဉ်၍တစ်ယောက်နဲ့တစ်ယောက်တီးတိုးဆွေးနွေးနေကြသည်။

ဒိုင်လူကြီးအဖြစ်ဆောင်ရွက်မည့်ဆရာကအမျိုးသားနှစ်ယောက်ကြားမှာရပ်လိုက်ပြီးအောက်ဘက်မှအလွန်စိတ်အားထက်သန်နေသည့်မြင်ကွင်းကိုမြင်သောအခါသူ့ရဲ့ရှင်းပြတဲ့အချိန်ကိုပိုကြာစေလိုက်သည်။အောက်မှလူများအားလုံးရဲ့မျက်လုံးများကရင်တုန်စိတ်လှုပ်ရှားများနဲ့ပြည့်နှက်နေသည်ကိုမြင်မှသာပြိုင်ပွဲအားစတင်စေရန်ကြေညာလိုက်၏။

ပြိုင်ပွဲကြည့်စင်ရဲ့ထိုင်ခုံများကအားလုံးပြည့်လုနီးပါးပင်။အဲလ်ဗစ်နှင့်စီဇဲတို့ရဲ့ယခင်ပြိုင်ပွဲရမှတ်များကစံချိန်တင်အောင်ပွဲများသာဖြစ်ပြီးဘယ်သူကို့မှမရှုံးဘူးကြပေ

ဒါ့အပြင်ဒီလိုsemifinal ပွဲမျိုးမှာအောင်မြင်မှုမှတ်တမ်းအပြည့်အစံရှိတဲ့သူနှစ်ဦးတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံကြတာပထမဆုံးအကြိမ်ဖြစ်သည်။

လီလျိုကသူ့ရဲ့ပယင်းရောင်မျက်လုံးကြီးများကိုပြုးထားပြီးအကြည်ရောင်မှော်အခင်းအကျင်းနဲ့ကာရံထားတဲ့ပြိုင်ပွဲစင်မြင့်ကိုကြည့်နေသည်။ပြိုင်ပွဲအတွင်းတပည့်များတိုက်ခိုက်တဲ့အချိန်ထွက်လာမည့်မှော်များအားအောက်မှာရှိသည့်ပွဲကြည့်စင်မှလူများအားထိမိခြင်းမှကာကွယ်နိုင်ရန်ပြိုင်ပွဲမစတင်ခင်မှာဒိုင်လူကြီးအဖြစ်ဆောင်ရွက်သည့်ဆရာကပြိုင်ပွဲစင်ပေါ်မှဆုတ်ခွာပြီးထင်တစ်ဝိုက်မှာထိုကာကွယ်ရေးအခင်းအကျင်းအားခင်းထားရတာဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now