Arc(2.39)

5K 1K 5
                                    

Unicode

Arc(2.39) - Saint Magus

မသိလိုက်ပါပဲသူတို့ထိုရှေးဟောင်းမှော် နယ်မြေထဲမှာလေးနှစ်ကြာသွားခဲ့သည်။

အဲလ်ဗစ်ရဲ့အရပ်ကလွန်ခဲ့တဲ့လေးနှစ် ကထက်(၅)စင်တီမီတာရှည်လာခဲ့ပြီ ဖြစ်ပြီးသူ့မျက်နှာအသွင်အပြင်သည် လည်းပိုလို့ပေါ်လွင်လာခဲ့သည်။

လီလျိုရဲ့မျက်နှာပေါ်ကကလေးအဆီ လေးများသည်လည်းဒီလေးနှစ်အတွင်း မှာပျောက်ကွယ်သွားပြီဖြစ်ပြီးသူ့အရပ် ကအရင်ကထက်စာရင်(၈)စင်တီမီတာ လောက်ပိုရှည်လာသော်လည်းသူက အဲလ်ဗစ်ထက်တော့ခေါင်းတစ်လုံး ပိုနိမ့်နေဆဲပင်။

ထိုအချိန်မှာသူတို့ကနောက်ဆုံးအဆင့် မှာရောက်နေကြပြီဖြစ်သည်။သူတို့သာ ဒီအဆင့်ကိုကျော်ဖြတ်နိုင်သ၍ချက်ချင်း ဒီရှေးဟောင်းမှော်နယ်မြေမှထွက်ခွာ နိုင်လိမ့်မည်။

ဒီတစ်ခေါက်ကမူလလီလျိုစာအုပ် ထဲမှာရေးထားခဲ့သည့်အချိန်ထက် တစ်နှစ်လောက်ပိုစောသည်။

သို့သော်တစ်နှစ်ပိုစောနေသော်လည်း အဲလ်ဗစ်ရဲ့အဆင့်ကတော့မူလစာအုပ် ထဲမှာရေးထားခဲ့သည်နှင့်အတူတူပဲဖြစ် ကာအခုဆိုကြယ်ကိုးပွင့်မေးဂတ်စ် နည်းပြအဆင့်ထိတိုးတက်လာခဲ့ပြီဖြစ်သည်။

အဲလ်ဗစ်တည်ရှိရာတိုက်ကြီးတွင် စိန့်မှော်နည်းပြအဆင့်ကိုရောက်ခဲ့ တာလူဆယ်ယောက်ရှိပြီးစိန့်အဆင့် ကိုရောက်ခဲ့တာတစ်ယောက်တည်းရှိသည်။

ထို့ပြင်လက်ရှိစိန့်အဆင့်မှာရှိနေသည့် တစ်ယောက်တည်းသောသူကအသက် (၁၆၅)နှစ်ရှိနေပြီဖြစ်ပြီးသူ့ဆံပင်အား လုံးပင်ဖြူဖွေးနေလေပြီ။သို့သော်သူ့ မှော်စွမ်းအားရဲ့အာဟာရကြောင့်သူ့ပုံစံ ကဆယ့်ခုနှစ်နှစ်ဆယ့်ခြောက်နှစ်လောက် အရွယ်တစ်ယောက်၏ပုံသဏ္ဍာန်သာ ရှိနေပြီးသူ့ခြေထောက်များလက်များ သည်လည်းအလွန်ကျန်းမာသန်စွမ်း လှသည်။

စိန့်အဆင့်ထက်မြင့်တာတစ်ဆင့် ရှိသော်လည်းအဲ့ဒါကတိုက်ကြီးထဲ မှာပျံ့နှံ့နေသည့်ဒဏ္ဍာရီတစ်ခုသက် သက်သာဖြစ်သည်။

ဒဏ္ဍာရီအရဆိုရင်လွန်ခဲ့တဲ့နှစ်တစ် ထောင်လောက်တုန်းကတိုက်ကြီးထဲ မှာတကယ်ကိုထူးချွန်ပြီးရင်သပ်ရှု မောဖွယ်ကောင်းလှသည့်ပါရမီရှင် တစ်ယောက်မွေးဖွားခဲ့ဘူးသည်။ထို လူအသက်(၁၀၀)ပြည့်တဲ့အချိန်မှာ စိန့်အဆင့်ရဲ့နယ်မြေအတားအဆီး ကိုချိုးဖြတ်နိုင်သွားပြီးနတ်ဘုရား အဆင့်သို့တက်လှမ်းသွားခဲ့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now