Arc(3.10)

5.9K 1K 15
                                    

Unicode

Arc(3.10) 

ချူးဝူရုံကတံခါးဝမှာရပ်နေဆဲဆိုတာကိုလီလျိုမြင်သောကြောင့်မေးလိုက်သည်။

"ဝူရုံ,မင်းမှာဆွေးနွေးစရာတစ်ခုခုရှိလို့လား?"

ချူးဝူရုံကအခန်းတံခါးဝမှာသာရပ်နေသည်။လီလျိုကမေးလိုက်မှသာနောက်လှည့်၍တံခါးကိုပိတ်လိုက်ပြီးအိပ်ယာပေါ်မှာတရားထိုင်နေသည့်လီလျိုရှိရာသို့သွားလိုက်၏။

"ဆရာ,ဒီတပည့်ကဆရာကျွန်တော့ကိုလွန်ခဲ့တဲ့အချိန်တုန်းကအခန်းထဲမှာပေးခဲ့တဲ့ကျင့်ကြံရေးနည်းလမ်းအသစ်ကိုလေ့လာနေခဲ့တာပါ...အဲ့ဒီထဲမှာဒီတပည့်သိပ်ပြီးနားမလည်တဲ့အပိုင်းအနည်းငယ်ရှိနေလို့"

ချူးဝူရုံကသူ့မျက်လုံးအကြည့်ကိုလီလျိုဆီအနည်းငယ်ရွှေ့လိုက်ပြီးမှသူ့အကြည့်အားလွှဲဖယ်လိုက်၏။ဘာကြောင့်မှန်းမသိပေမယ့်ချူးဝူရုံသည်အတော်လေးရင်တုန်စိတ်လှုပ်ရှားနေမိတာဖြစ်ပြီးသူ့အကျီၤိလက်အောက်ကလက်များပင်မလိုအပ်ပဲဆုပ်ထားမိသည်။

သူအရင်တုန်းကဒီလိုခံစားချက်အတွေ့အကြုံမျိုးမခံစားခဲ့ရပေ။သူ့အရင်ဘဝတုန်းကသူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေကသူ့ကိုသစ္စာဖောက်သွားခဲ့ပြီးသေလုနီးပါးဖြစ်သွားတုန်းကတောင်အနည်းငယ်မျှသောထိတ်လန့်မှု၊ရင်တုန်မှုတွေနဲ့ကြောက်ရွံ့မှုတွေကိုမခံစားခဲ့ရဘူးဖြစ်သည်။

သို့သော်လီလျိုရဲ့အမြင်မှာတော့ချူးဝူရုံကပုံမှန်ပဲဖြစ်နေ၏။သူ့ကိုကြည့်ရတာအလွန်တည်ငြိမ်ပြီးကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်သည်။

ချူးဝူရုံကကျင့်ကြံရေးနဲ့ပတ်သတ်သည့်ကိစ္စကိုသူ့အားလမ်းညွှန်ပေးရန်မေးလာသည်ကိုလီလျိုကြားသောအခါအမြဲအဆင်သင့်အနေအထားဖြစ်နေသည့်ရှောင်းချီကိုအလျင်အမြန်ဆင့်ခေါ်လိုက်သည်။

"မင်းဘာကိုနားမလည်တာလဲပြော,ငါနားထောင်မယ်" ရှောင်းချီရဲ့တုန့်ပြန်မှုကိုကြားလိုက်သည်နှင့်လိလျိုကသူ့ရဲ့မျက်နှာပေါ်မှာအေးစက်စက်အမူအယာကိုဆက်၍ချိတ်ဆွဲထားပြီးဘာကိုမှသတိမပြုမိဟန်ဖြင့်သူူ့နားလျှောက်လာသည့်ချူးဝူရုံကိုကြည့်လိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now