Arc(1.23)

11.2K 1.7K 10
                                    

Unicode

Arc(1.23)

The Wild Dragon Proud Day

ရှောင်းချီစကားအားကြားပြီးနောက်မှာတော့လီလျို၏မျက်နှာပေါ်တွင်အံ့အားသင့်သွားသည့်အမူအယာပေါ်လာသည်။

ရှောင်းချီကလူတွေရဲ့အားနည်းချက်ကို scan ဖတ်နိုင်တယ်..

ဒီတော့....တစ်နည်းပြောရရင်သူကသူ့ကိုအစေခံနေတဲ့နန်းတွင်းအစေခံတွေကိုဖြတ်သန်းနိုင်ပြီပေါ့...သူနန်းတော်အစေခံတွေရဲ့အဝတ်ကိုလဲပြီးနန်းတော်အစေခံတစ်ယောက်အနေနဲ့ဒီနန်းတော်ကထွက်ခွာလို့ရပြီ...

ဒါပေမဲ့သူ့အရပ်နဲ့နန်းတွင်းအစေခံဝတ်စုံကိုလဲဝတ်ရင်ထူးဆန်းနေလိမ့်မယ်ပြီးတော့လည်းသူကယောကျာ်းလေးတစ်ယောက်လေ

ထိုအချက်ထိစဉ်းစားမိပြီးလီလျိုမှာမနေနိုင်တော့ပဲကူကယ်ရာမဲ့သွားရတော့သည်။

【အိုး!ဟုတ်သားပဲ...ကြီးမြတ်တဲ့ host ရေကျွန်တော်တစ်ခုပြောဖို့မေ့ခဲ့တယ်】ရှောင်းချီကရုတ်တရက်ထပြောသည်။

【host က mission ကိုသတ်မှတ်ထားတဲ့အတိုင်းအတာ တစ်ခုထိပြီးဆုံးသွားလို့ရှိရင် System ထဲမှာရှိတဲ့ပစ္စည်းတစ်ချို့ကိုစတင်ပြီး ဝယ်ယူနိုင်ပါတယ်..ဒါပေမဲ့ကမ္ဘာ တစ်ခုဆီမှာသုံးမျိုးပဲဝယ်ယူလို့ရပါတယ်... တိုးတက်မှုဘားတစ်ခုက ၃၀ ရာခိုင်နှုန်းကိုရောက်တိုင်းတစ်ကြိမ် ဝယ်ယူနိုင်ပါတယ်။တကယ်လို့ host ကဒီကမ္ဘာပေါ်မှာဘယ်အရာကိုမှ မဝယ်ထားဘူးဆိုရင်တော့ဝယ်ယူနိုင်မယ့် အခွင့်အလမ်းတွေကိုနောက်ကမ္ဘာသို့ စုဆောင်းနိုင်ပါတယ်...ဒါပေမဲ့ဒီကမ္ဘာမှာ hostဝယ်ယူထားတဲ့ပစ္စည်းတွေကို နောက်ကမ္ဘာကိုယူသွားလို့မရပါဘူး】

လီလျိုကခဏမျှဗလာဖြစ်သွားရသည်။ ကြီးမားတဲ့ပျော်ရွှင်စရာအံ့အားသင့်ဖွယ်ရာတစ်ခုကရုတ်တရက်သူ့ခေါင်းကိုရိုက်မိလိုက်သကဲ့သို့ပင်ခံစားလိုက်ရလေ၏။အထူးသဖြင့်ယခုလိုအပူတပြင်းအခြေအနေမျိုးတွင်ဒီလိုသတင်းမျိုးရရှိခြင်းကဆင်းရဲတဲ့ကောင်လေးကရုတ်တရက်ငါးသန်းလောက်တန်တဲ့ထီလက်မှတ်ရသွားသလိုမျိုးခံစားချက်ပင်ဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now