Arc(3.20)

4.4K 790 5
                                    

Unicode

Arc(3.20)

လီလျိုသည်ငါးထပ်ရဲ့စင်္ကြန်တစ်လျှောက်ဖြတ်ကာလမ်းလျှောက်လာခဲ့ပြီး,နောက်ဆုံးတော့ချူးဝူရုံကိုဖမ်းထားသည့်တံခါးရှေ့သို့ရောက်လာသည်။

ချူးဝူရုံသည်လည်းတစ်စုံတစ်ယောက်ချဉ်းကပ်လာတာကိုသတိပြုမိဟန်ဖြင့်သူ့မူလပိတ်ထားသောမျက်လုံးများအားချက်ချင်းဖွင့်လိုက်၏။ရောက်လာသည့်သူကလီလျိုဖြစ်နေတာကိုမြင်တဲ့အခါမူလကချူးဝူရုံရဲ့မျက်လုံးများထဲမှာဖြစ်ပေါ်သွားသည့်သတိအနေအထားကချက်ချင်းပျောက်ကွယ်သွားသည်။

"ဆရာ"

ချူးဝူရုံကဒီဝိဉာဉ်စွမ်းအင်ချုပ်စေတီထဲမှာဖမ်းချုပ်ခံထားရခြင်းသည်သူ့ကျင့်ကြံမှုကိုအသုံးပြုလို့မရသည်ကလွဲ၍သူ့အသက်ကိုအန္တာရယ်ပေးနိုင်မယ့်အရာမရှိဘူးဆိုတာလီလျိုသိထားသည်။ထို့ကြောင့်ဒီရက်တွေအတွင်းသူချူးဝူရုံနဲ့ပတ်သတ်ပြီးစိတ်မပူပေ။သို့သော်ချူးဝူရုံကဘာမှမရှိတဲ့အခန်းထဲမှာတစ်ယောက်တည်းထိုင်နေသည်ကိုမြင်ရတဲ့အခါမှာတော့သူ့နှလုံးသားထဲမှာစိတ်မသက်မသာခံစားလိုက်ရသည်။

အဲ့ဒါကလွဲလို့သူ့မျက်နှာပေါ်မှာတော့မည်သည့်အမူအယာမှမရှိသေးပေ။ဒါ့အပြင်အခုယဲထျန်းချီကချူးဝူရုံကိုဖြေရှင်းရမယ့်နည်းလမ်းဆုံးဖြတ်လိုက်ပြီဖြစ်တာကြောင့်ချူးဝူရုံကိုကြည်လင်ကောင်းကင်ဂိုဏ်းကနေထုတ်ပယ်မယ်ဆိုတဲ့သတင်းကရက်အနည်းငယ်အတွင်းဂိုဏ်းထဲမှာပျံ့နှံ့သွားလောက်မယ်လို့ခန့်မှန်းရသည်။ပြီးရင်တော့ချူးဝူရုံသည်လည်းဒီဝိဉာဉ်စွမ်းအင်ချုပ်စေတီထဲမှလွတ်လာလိမ့်မည်။

"ဝူရုံ"

လီလျိုကအပြာရောင်အလင်းနှင့်အစီအရင်အလွှာတို့ဖြင့်ရစ်ပတ်ထားသောကန့်သတ်မြေ၏တံခါးအပြင်ဘက်မှာရပ်နေပြီးသူ့ရဲ့နူးညံ့သောမျက်နှာကတော့ထိုခပ်ဖျော့ဖျော့အပြာရောင်အလင်းကြောင့်သလင်းလိုကြည်လင်သည့်ခံစားချက်မျိုးပေးစွမ်းနိုင်နေသည်။

ဒီနေ့မှာလီလျိုကအဖြူရောင်ကိုဝတ်ဆင်ထားခြင်းဖြစ်ပြီးသူ့ခါးကိုရိုးရှင်းတဲ့ကျောက်စိမ်းခါးပတ်ဖြင့်ချည်နှောင်ထားကာသူ့သွယ်လျတဲ့ခါးရဲ့လှပသောအသွင်အပြင်ကိုအပြည့်အဝထုတ်ဖော်ထားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now