Arc(2.2)

11.5K 1.7K 64
                                    

Arc(2.2)

Unicode - Saint Magus

လီလျိုကမြက်ခင်းပြင်ပေါ်မှာအချိန် ကြာမြင့်စွာစောင့်ဆိုင်းရန်မလိုပဲမှော် ဝတ်စုံများဝတ်ဆင်ထားသည့်အမျိုး သားအမျိုးသမီးအုပ်စုကသူ့မြင်ကွင်း ထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရသည်။

လီလျိုကအလျင်အမြန်ပဲပျော်ရွှင်စွာ ဖြင့်ခြေလှမ်းအနည်းငယ်ထွက်လိုက်ပြီး ထိုအုပ်စုရှိသည့်နေရာသို့ 'မြှောင်မြှောင်'ဟုအကြိမ်အနည်းငယ် အော်၍ပြေးဝင်သွားလိုက်၏။

ပြီးနောက်မှာတော့အလျှင်အမြန်ပဲ သူ့ရဲ့လုံးဝန်းပြီးသေးငယ်သည့် ခန္တာကိုယ်လေးကမှော်ဝတ်စုံများအား ဝတ်ဆင်ထားသည့်အမျိုးသားနှင့် အမျိုးသမီးအနည်းငယ်တို့ကိုတစ် လိမ့်လိမ့်ဖြတ်ကျော်သွားတော့လေသည်။

ထိုလူငယ်အုပ်စု၏ခေါင်းဆောင်က သူ့အားချက်ချင်းမြင်လိုက်သောကြောင့် သူကလီလျိုအားခဏမျှစိုက်ကြည့်နေပြီး မှသူ့နှဖူးကြောများကိုတွန့်ချိုးလိုက်ပြီး အဝေးသို့အကြည့်လွှဲလိုက်သည်။

"ငါကမှော်သားရဲတစ်ကောင်ကောင် များလားလို့ထင်နေတာဒီအတိုင်းသာ မာန်ကြောင်ပေါက်ဖြစ်နေမယ်လို့မ ထင်ထားမိဘူး"

လီလျိုကသူရှိသည့်ဦးတည်ရာဘက် သို့လှိမ့်လာသည်ကိုတွေ့သောအခါ ခြေထောက်ကိုဆန့်လိုက်ပြီးလီလျို အားကန်ထုတ်လိုက်လေသည်။

လီလျိုမှာချက်ချင်းပင်ခြေလှမ်းအနည်း ငယ်ထိလိမ့်သွားခဲ့ပြီးနာကျင်မှုကြောင့် 'မြှောင်မြှောင်'ဖြင့်အော်သံလေးထွက် လာခဲ့ရသည်။

အနီရောင်အနားကွပ်ဝတ်စုံအားဝတ် ဆင်ထားသောအမျိုးသမီးတစ်ယောက် ကကြောင်သေးသေးလေးလိမ့်သွားသည့် နေရာသို့သွားလိုက်ပြီးမြေပေါ်တွင်လဲ နေသည့်ထိုကြောင်လေးအားကောက် ချီကာသူ့လက်မောင်းများကြားထဲတွင် ပွေ့ထားလိုက်သည်။သူ့ရင်ခွင်ထဲမှကြောင် ပေါက်လေးဒဏ်ရာရမရသေချာစစ်ဆေး ပြီးမှသာသူကနောက်သို့လှည့်လိုက်ပြီး အုပ်စုခေါင်းဆောင်လူငယ်လေးအား ကြည့်လိုက်၏။

"တေလ်း...နင်ဘာဖြစ်လို့ဒီလောက် လွန်ရတာလဲ?သူကနင့်ကိုတိုက်ခိုက် တာလည်းမဟုတ်ပဲနဲ့ပြီးတော့တိုက် ခိုက်မယ့်ပုံစံလည်းမရှိဘူးအဲ့ဒါကို ဘာဖြစ်လို့သူ့ကိုနာကျင်စေရတာလဲ?"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now