Arc(2.1) - Saint Magus

16.3K 1.8K 43
                                    

Unicode

Arc(2.1) - Saint Magus

လီလျိုကချက်ချင်းပင်သူသယ်လာ သည့်သစ်သီးခြင်းအားစားပွဲပေါ်သို့ တင်လိုက်ပြီးဂျင်ချန်းဂျီရဲ့အခြေအနေ ကိုသိရန်အိပ်ယာအနီးသို့ချဉ်းကပ် လာလိုက်သည်။

ဂျင်ချန်းဂျီရဲ့ချောမွေ့သည့်နှဖူးပြင်က ထူထဲသည့်ပတ်တီးများဖြင့်ပတ်ထား ခြင်းကိုခံထားရပြီးထိုနေရာတွင်သွေး အနည်းငယ်ထွက်နေသည်ကိုပင် မြင်နေရ၏။သူ့ရဲ့နတ်ဘုရားကိုယ်တိုင် ထုဆစ်ထားသကဲ့သို့ထင်ရသည့်ချော မောသောမျက်နှာအစိတ်အပိုင်းများ ကတော့စာရွက်ဖြူတစ်ရွက်လိုဖြူ ဖျော့နေခဲ့ပြီးသူ့ရဲ့ပြီးပြည့်စုံသည့်နှုတ်ခမ်း အစုံသည်လည်းဖြူဖပ်ဖြူလျှော်ဖြစ် နေခဲ့သောကြောင့်သူ့ပုံစံကပုံမှန်မဟုတ် လောက်အောင်ကိုမကျန်းမာသလိုမျိုး ဖြစ်နေခဲ့သည်။

သူကအိပ်ယာပေါ်တွင်တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့ပြီးသူ့ရဲ့သွယ်လျှသည့် လက်မောင်းနှစ်ဖက်ကအဖြူရောင် စောင်၏အပြင်ဘက်သို့ထုတ်ထားကာ သူ့လက်တစ်ဖက်ကိုတော့ဦးနှောက် လှိုင်းနှင့်နှလုံးခုန်နှုန်းကိုတိုင်းတာသည့် စက်များဖြင့်ချိတ်ဆက်ထားသော ကြောင့်သူ့ရဲ့လက်တစ်ဖက်တည်းသာ အပ်များနှင့်ကင်းလွတ်သည့်နေရာရှိသည်။

"တကယ်ပဲဘာတွေဖြစ်သွားခဲ့တာလဲ?"

ဂျင်ချန်းဂျီရဲ့အခြေအနေအားတွေ့ပြီး နောက်မှာတော့လီလျိုမှာမနေနိုင်ပဲ သူ့နောက်မှာရှိသည့်ဂျင်ချန်းရှီအား လှည့်မေးလိုက်မိတော့သည်။

ဂျင်ချန်းရှီကခဏမျှတိတ်ဆိတ်နေပြီး သူ့ကြည့်ရတာလီလျိုကိုပြောသင့်မ ပြောသင့်တွန့်ဆုတ်နေသည့်ပုံပေါ် သော်လည်းချက်ချင်းပင်သူ့စိတ်ကို ပြင်ဆင်၍ပြောလိုက်လေသည်။

"ကျွန်တော့အကိုကိုတိုက်သွားတဲ့ ကားဆရာလည်းတော်တော်ပြင်းထန် တဲ့ဒဏ်ရာရသွားပြီးမကြာခင်ကပဲ ဆုံးသွားခဲ့တယ်အဲ့ဒါကြောင့်ဒီအချိန် ထိဖြစ်စဉ်ကစုံစမ်းစစ်ဆေးဆဲပဲဖြစ် နေတာ....ဒါပေမဲ့ကျွန်တော်ကတော့ ဒါကမတော်တဆလို့မထင်ဘူး... အကိုလည်းကျွန်တော်တို့ကုမ္ပဏီနဲ့ ပတ်သတ်တဲ့ကောလဟာတွေကိုသိမှာပါ....."

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now