Arc(1.35)

11.2K 1.6K 37
                                    

Unicode

Arc(1.35)

The Wild Dragon Proud Day

ချင်ယုကကြီးမားတဲ့ဟောခန်းမကြီးထဲ ရှိအမြင့်ဆုံးခုံပေါ်တွင်ထိုင်နေလေသည်။ သူကအောက်တွင်ဒူးထောက်နေသော အရာရှိအားအန္တာရယ်ရှိသောမျက်လုံး များဖြင့်အေးစက်စွာမှေးကျဉ်းကြည့် နေ၏။သူ့လက်ချောင်းများကသူထိုင် နေသောထိုင်ခုံ၏လက်ရမ်းအားအကြိမ် အနည်းငယ်မျှတစ်တောက်တောက်ဖြင့် ခေါက်နေသည်။

ထိုအရာကသေးငယ်သည့်ခေါက်သံ အနည်းငယ်သာဖြစ်သော်လည်းအပ် ကျသံပင်မကြားရအောင်တိတ်ဆိတ် သောဟောခန်းမကြီးထဲတွင်တော့ဒူး ထောက်နေသောအရာရှိကဲ့သို့ပင် အောက်တွင်ရှိနေကြသောအရာရှိများ စွာ၏နှလုံးသားကိုအကြီးအကျယ်ထိုး နှက်နေသလိုပင်ခံစားရပြီးသူတို့ရဲ့စိတ် နှလုံးကိုတစ်ဒိတ်ဒိတ်ခုန်စေသည်။

"ဧကရာဇ်ကိုဧကရီထားရန်တောင်းဆို ပါတယ်...အကယ်၍အဲ့ဒါကိုမလုပ်ခြင် ဘူးဆိုရင်တောင်အမျိုးသမီးဆောင် ကိုတိုးချဲ့ဖို့အတွက်အမျိုးသမီးကိုယ် လုပ်တော်အနည်းငယ်တော့ထားသင့် တယ်လို့ယူဆပါတယ်"

ရှည်ကြာလှသည့်တိတ်ဆိတ်မှုကြီး နောက်တွင်တော့ဆံပင်တွေဖြူနေ သည့်အရာရှိဟောင်းတစ်ယောက်က ကျည်ဆန်သာကိုက်ကာသွားကိုကြိတ် ၍သူ့တစ်ကိုယ်လုံးတုန်ယင်နေပြီး ဝင်ပြောလိုက်တော့လေသည်။

"ကျန်းရဲ့ကိစ္စမှာမောင်မင်းတို့စိုးရိမ် ပူပန်စရာအကြောင်းဘယ်မှာရှိလို့လဲ?"

ချင်ယုရဲ့နှုတ်ခမ်းများကတင်းတင်းကြပ် ကြပ်ဖြစ်လာပြီးဒီပုံစံကိုကြည့်တာနဲ့သူနဲ့ ရင်းနှီးတဲ့သူတိုင်းချင်ယုကတော်တော် လေးကိုမပျော်မရွှင်ဖြစ်လာပြီဆိုတာကို သိလိုက်ကြသည်။

"ဧကရာဇ်ခင်ဗျား..ဒီအိုမင်းနေတဲ့အရာ ရှိကြီးကအရှင့်အတွက်ဆုံးဖြတ်ချက် မလုပ်ပေးရဲပါဘူးဒါပေမဲ့အရှင်သရဖူ ကိုရယူပြီးကတည်းကအမျိုးသမီး ဆောင်ထဲကိုလွန်ခဲ့တဲ့ငါးနှစ်အတွင်း ဘယ်သူမှမဝင်ခဲ့ရပါဘူးပြီးတော့အခု ဆိုရင်ပိုပြီးတော့တောင်...."

အရာရှိကစကားပြောတာကိုရပ်လိုက်၏။ သူကစာကြောင်းရဲ့နောက်ဆုံးစကားလုံး ကိုမပြောသော်လည်းအဓိပ္ပါယ်ကတော့ သိသာလှသည်။အခုချိန်မှာချင်ယုက တော်ဝင်မိသားစုနှင့်မသင့်တော်သည့် ယောကျားတစ်ယောက်နှင့်မေတ္တာမျှနေ သည်လေ။ဧကရာဇ်ဆိုတာကနန်းမျိုး ဆက်ကိုပြန့်ပွားစေရန်မိန်းမဆောင်သို့ အမျိုးသီးများစွာခေါ်သွင်းရမှာဖြစ်ပြီး သူ့ရဲ့မျိုစေ့ကိုချကာသမီးများစွာမွေးဖွား ရမှာဖြစ်သည်။အဲ့ဒါကချင်ယုအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့်ကိစ္စဖြစ်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now