Arc(2.21)

7.5K 1.2K 10
                                    

Unicode

Arc(2.21) - Saint Magus

လီလျိုနဲ့အဲလ်ဗစ်တို့ကုန်စည်သယ်ပို့ ပေးတဲ့ကိစ္စကိုပထမဆုံးအကြိမ်အောင် မြင်အောင်လုပ်ဆောင်ပေးပြီးနောက် နောက်ထပ်အစောင့်အကြပ်အလုပ်နှစ်ခု ထပ်ရခဲ့သည်။သူတို့ကစာသင်နှစ်- ၂နှစ်စာကျုရှင်လခနှင့်နေထိုင်စရိတ် အတွက်အလုံအလောက်မရခင်ထိသာ ထိုအလုပ်ကိုလုပ်ခဲ့ပြီးလုံလောက်တာနဲ့ ထိုအလုပ်မှထွက်ကာသူတို့ရဲ့စွမ်းရည် များကိုလေ့ကျင့်ရန်မှော်သားရဲတောင် တန်းသို့ပြန်ဝင်သွားကြသည်။

လီလျိုကတော့ထိုမတော်တဆမှုဖြစ် ပြီးကတည်းကအဲလ်ဗစ်သူ့ကိုချည်းကပ် မှုအားတစ်ဖြည်းဖြည်းခံနိုင်ရည်နည်း လာသည်ဟုခံစားနေရသည်။အဲလ်ဗစ် ကသူ့ကိုခေါ်တိုင်း၊သူ့နားကပ်လာတိုင်း ဒါမှမဟုတ်သူ့ကိုကူညီပေးဖို့ရှေ့ကိုမှီချ လာတိုင်းသူ့နှလုံးသားကမနေနိုင်ပဲ အခုန်မြန်မြန်သွားရသည်လေ။

ပိုပြီးထူးဆန်းတာကအဲလ်ဗစ်နဲ့ချင်ယု ကြားမှာတူညီမှုတွေအရမ်းများတယ် လို့ခံစားရတာပဲ။

အဲ့ဒီခံစားချက်ကအဲလ်ဗစ်ဆီကသူ အနမ်းခံလိုက်ရကတည်းကဖြစ်တာ ပြီးတော့အဲ့ဒါကဖိနှိပ်ထားလို့မရပဲ သူ့ခေါင်းထဲမှာတစ်ဝဲလည်လည်ဖြစ် နေရတယ်...

အဲ့ဒါကဖွင့်ထားတဲ့ရေပိုက်လိုပဲ.. .အောက်မှာရှိတဲ့ရေကန်ထဲကရေက ပိုပိုပြီးပြည့်လာခဲ့တယ်ဒါပေမဲ့အရင်း အမြစ်ကိုမပိတ်နိင်ဘူး....ပြီးတော့အဲ့ဒီ ရေကန်ပြည့်သထက်ပြည့်လာတာကိုပဲ သူကူကယ်ရာမဲ့စွာကြည့်နေနိုင်တယ်လေ....

သူအဲ့ဒီလိုပိုပြီးခံစားလာရလေသူ အဲလ်ဗစ်ကိုမတွန်းလှန်နိုင်တော့လေပဲ

ဖြစ်နိုင်တာသူအရင်ကမ္ဘာမှာတုန်းက ချင်ယုကိုအလျင်အမြန်စွန့်ခွာခဲ့လို့များ တစ်နည်းနည်းနဲ့အပြစ်ရှိသလိုခံစားနေ ရတာလား.....ဒါပေမဲ့သူမူလကမ္ဘာကို ပြန်ရောက်ကတည်းကသူ့ဆီမှာချင်ယု အပေါ်ခံစားချက်ရှိနေတာကိုမကြာခဏ ပဲသတိပြုမိလာခဲ့တာ...

သေချာပေါက်ချင်ယုသူ့ကိုအကျဉ်းချ ခဲ့တာကိုတော့လက်မခံနိုင်သေးဘူးပေါ့

သို့သော်ဒါကအကြောင်းပြချက် ဟုတ်လားမဟုတ်လားတော့မသိဘူး အဲ့ဒီခံစားချက်ကသူအဲလ်ဗစ်နားရောက် တိုင်းခံစားရတယ်....

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now