Arc(3.18)

4.1K 766 7
                                    

Unicode

Arc(3.18)

ပွဲကိုကြည့်နေကြသည့်အကြီးအကဲများရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့်ယှဉ်ပြိုင်ပွဲစင်မြင့်အားဖုံးကွယ်ထားသည့်မြူခိုးနက်များအားလုံးပျောက်ကွယ်သွားသည်။

ယှဉ်ပြိုင်ပွဲစင်မြင့်ပေါ်မှာလူနှစ်ယောက်ကိုသာမြင်လိုက်ရသည်။ယှဉ်ပြိုင်ပွဲစင်မြင့်ရဲ့အစွန်းပိုင်းထိပြေးသွားသည့်စုန့်ချင်းယွင်ကမြူခိုးနက်များပျောက်ပျက်သွားသည်ကိုမြင်သည်နှင့်ချက်ချင်းချူးဝူရုံကိုလက်ညှိုးထိုးပြီးပွဲကြည့်စင်မှအကြီးအကဲများနဲ့တောင်သခင်များအားလှမ်းအော်ပြောလေသည်။

"အကြီးအကဲများနဲ့တောင်သခင်များခင်ဗျာ..ချူးဝူရုံကနတ်ဆိုးဝိဉာဉ်စွမ်းအားကိုအသုံးပြုလိုက်ပါတယ်သူကနတ်ဆိုးကျင့်ကြံသူဆီကနေလွှဲပြောင်းယူခံလိုက်တာပဲဖြစ်ရမယ်!"

ချူးဝူရုံရဲ့ပုံရိပ်ကတော့တူညီတဲ့နေရာမှာပဲပြီးပြည့်စုံစွာတစ်ဖြောင့်တည်းရပ်နေပြိးသူ့ရဲ့သွယ်လျသည့်ပုံသဏ္ဍာန်ကကွေးညွှတ်မှုမရှိတဲ့ထင်းရှုးပင်လိုပင်။စုန့်ချင်းယွင်ရဲ့စကားများဆီမှအနည်းငယ်မျှပင်သက်ရောက်မှုရှိမနေ...။

မြူခိုးနက်များပျောက်ကွယ်သွားပြီးနောက်မှာလည်းသူကလှုပ်ရှားမှုမလုပ်ပဲသူ့ခန္တာကိုယ်ကိုသာလှည့်လိုက်ကာသူ့ရဲ့နက်ရှိုင်းသည့်အနက်ရောင်မျက်လုံးများကအကြီးအကဲများနဲ့တောင်သခင်များကြားမှလီလျိုတစ်ယောက်တည်းကိုသာစူးစူးစိုက်စိုက်ကြည့်နေသည်။သူကရိုးရှင်းစွာပင်သူ့ကိုလက်ညှိုးထိုးနေသည့်စုန့်ချင်းယွင်ကိုဂရုမစိုက်နေပေ။

သူ့အတွက်ကတော့တစ်ခြားသူတွေရဲ့အတွေးကဖော်ပြဖို့တောင်မထိုက်တန်သကဲ့သို့အဲ့ဒီလူရဲ့အတွေးတစ်ခုတည်းကိုသာသူစိတ်ပူနေမိသည်။

ဒီနတ်ဆိုးဝိဉာဉ်စွမ်းအားကသူနဲ့မသက်ဆိုင်ပေမယ့်သူ့ဝိဉာဉ်ကတော့တကယ်ကိုနတ်ဆိုးအတတ်ကျင့်ကြံသူဖြစ်ပြီးသူ့ယခင်ဘဝတုန်းကနတ်ဆိုးအတတ်ကျင့်ကြံသူဟုကြားတာနဲ့ကျင့်ကြံသူအားလုံးကြောက်ရွံအောင်လုပ်ခဲ့တဲ့သူဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now