Arc(3.25)

4.3K 772 6
                                    

Unicode

Arc(3.25)

လီလျိုကတည်းခိုခန်းပိုင်ရှင်နောက်ကနေလိုက်ပါသွားသည်။သူတို့လျှောက်နေရင်းဖြင့်တတိယထပ်သို့ရောက်သောအခါတည်းခိုခန်းပိုင်ရှင်ကသူ့ကိုဘယ်ဘက်အတွင်းခန်းအကျဆုံးအခန်းဆီခေါ်သွားပေးပြီးမှရပ်လိုက်၏။အခန်းဝင်ပေါက်သို့ရောက်သောအခါတည်းခိုခန်းပိုင်ရှင်ကလီလျိုနဲ့မျက်နှာခြင်းဆိုင်လိုက်သည်။

"ဧည့်သည်,ကျေးဇူးပြုပြီးဝင်ပါ,ပြီးရင်ခဏလောက်စောင့်ပေးပါဧည့်ကြိုကမကြာခင်ရောက်လာပါလိမ့်မယ်"

လီလျိုကစကားမပြောပဲခေါင်းသာခပ်ဖွဖွညိတ်ပြကာအခန်းတံခါးကိုဖွင့်၍ဝင်သွားသည်။ထိုအခန်းကအိပ်ခန်းမဟုတ်ပဲတင့်တယ်စွာဆင်ယင်ထားသည့်လက်ဖက်ရည်ခန်းဖြစ်နေသည်ကိုမြင်လိုက်ရသည်။

အခန်းထဲသို့လီလျိုဝင်သွားသည်ကိုမြင်သောအခါတည်းခိုခန်းပိုင်ရှင်ကနောက်တစ်ကြိမ်ထပ်ပြောပြန်သည်။

"အကယ်၍တစ်ခုခုလိုအပ်တာရှိရင်နံရံတစ်ဖက်ကကြိုးနီကိုဆွဲလိုက်လို့ရပါတယ်...အကယ်၍လက်ဖက်ရည်တစ်ခွက်စာအချိန်အတွင်းဘယ်သူမှမလာဘူးဆိုရင်ကျုပ်ကိုယ်တိုင်လာပြီးဖြေရှင်းပေးပါ့မယ်"

လီလျိုချက်ချင်းနားလည်သွားသည်။တည်းခိုခန်းပိုင်ရှင်ဆိုလိုချင်တာကသူနဲ့တစ်ဖက်နဲ့ပြောလို့ပြီးသွားတာနဲ့သူ့ကိုခေါ်ရမှာဖြစ်သည်။ပြီးရင်တော့တည်းခိုခန်းပိုင်ရှင်ကသူ့ဆီပြန်လာပြီးတကယ့်အခန်းသို့ခေါ်သွားပေးလိမ့်မည်။

"ဒါဆိုသူဌေးကိုပဲဒုက္ခပေးရတော့မယ်"  လီလျိုကပြောသည်။

"ဒုက္ခမဟုတ်ပါဘူးဒုက္ခမဟုတ်ပါဘူး,ဧည့်သည်သာကျေနပ်သ၍အဆင်ပြေပါတယ်"

တည်းခိုခန်းပိုင်ရှင်ကအခုဆိုရင်လီလျိုအားချမ်းသာတဲ့အဖိုးတန်ဧည့်သည်တစ်ယောက်အဖြစ်သတ်မှတ်ထားပြီဖြစ်ပြီးသူ့အတွက်ပိုပြီးအကျိုးအမြတ်ရနိုင်ဖို့ကောင်းကောင်းလေးဝန်ဆောင်မှုပေးချင်နေသည်။

ပြီးတော့လည်းသတင်းအဖွဲ့အစည်းမှသတင်းများကိုဝယ်ယူလိုသည့်ကျင့်ကြံသူများကမိသားစုနောက်ခံရှိတတ်ကြသည်။ဒီမှာရောင်းသမျှသတင်းဈေးနှုန်းတိုင်းကဈေးမသေးတာကြောင့်သာမာန်ကျင့်ကြံသူတွေမဝယ်ယူနိုင်ဘူးဆိုတာလည်းသူသိထားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now