Arc(2.18)

8.6K 1.4K 24
                                    

Unicode

Arc(2.18) - Saint Magus

အဇူရာရောင်ကောင်းကင်ကြီးအား ဖုန်းလွှမ်းထားသည့်ကြီးမားကျယ်ပြန့် လှသောအဖြူရောင်မိုးတိမ်တိုက်ကြီးက ကောင်းကင်မှာချိတ်ဆွဲနေသည့်နေ၏ အများစုကိုဖုန်းကွယ်ထားလေသည်။ သို့သော်ထိုသို့ဖြစ်နေတာတောင်အပူချိန် ကပူနေဆဲဖြစ်ပြီးတိမ်တိုက်များကတောင် နေရောင်ခြည်ကိုအနည်းငယ်ပင်ဖုန်း ကွယ်မထားနိုင်ပေ။

လမ်းမတစ်ခုပေါ်မှာတော့ရထားတစ် စင်းကလူဒါဇင်မျှချန်ရံပြီးအဝေး တစ်နေရာမှမောင်းနှင်လာခဲ့သည်။

ခေါင်းဆောင်ကမျက်နှာပေါ်တွင် ရှည်လျားပြီးကြောက်မက်ဖွယ် ကောင်းသည့်အမာရွတ်ကြီးရှိသော လူလတ်ပိုင်းတစ်ယောက်ဖြစ်ကာ သူ့မျက်လုံးများတွင်ရံဖန်ရံခါပြတ်သား သည့်အကြည့်များကိုမြင်နိုင်ပြီးပထမဆုံး အမြင်မှာတင်တစ်ချက်ကြည့်ရုံဖြင့် သူကကောင်းတဲ့သူတစ်ယောက်မဟုတ် ဘူးဆိုတာပြောနိုင်သည်။

သူ့နောက်မှာရှိသည့်ဒါဇင်လောက် ရှိသည့်သူအနည်းငယ်သည်လည်း သပ်သပ်ရပ်ရပ်ဝတ်စားထားကြပြီး ရံဖန်ရံခါပတ်ဝန်းကျင်အားကြည့်ရှု စစ်ဆေးနေကြသည်။

လွန်ခဲ့တဲ့နှစ်ရက်သူတို့တိုက်ခိုက် ခံခဲ့ရပြီးနောက်ဆုံးမှာကုန်ပစ္စည်းများ ကိုလုယက်မည့်သူများလက်မှသဘာဝ ကျကျအနိုင်ယူနိုင်ခဲ့သည်။ဒါပေမဲ့သူ မမျှော်လင့်ထားခဲ့တာကသူမျှော်လင့် ချက်မဲ့စွာဖြင့်လူလိုနေတဲ့အချိန်မဖြစ် မနေစုဆောင်းထားခဲ့တဲ့လူနှစ်ယောက် ထဲမှထိုငွေဖြူရောင်ဆံနွယ်ရှည်များနှင့် လူငယ်လေးကအရမ်းကိုကျွမ်းကျင်မှု ရှိနေတာကိုပဲဖြစ်သည်။ထိုအကြောင်း ကိုစဉ်းစားမိရင်းသူကမနေနိုင်ပဲသူ့နောက် ကိုလှည့်ကြည့်လိုက်မိ၏။

သူ့နောက်ကသိပ်မဝေးတဲ့နေရာမှာ ထူးခြားတဲ့အသွင်အပြင်ရှိတဲ့ပိုကြီးတဲ့ သူတစ်ယောက်နဲ့သူ့ထက်ပုသည့်လူငယ် လေးတစ်ယောက်တို့ကအနောက်မှ အလျင်မလိုသည့်ဟန်ဖြင့်လိုက်ပါလာ ကြပြီးတစ်ယောက်နဲ့တစ်ယောက်ရံဖန် ရံခါစကားပြောနေကြသည်။

အဲ့ဒါကဒီအတိုင်းအရပ်ပုပုငွေရောင် ဆံပင်နှင့်လူငယ်လေးကအရမ်းနုံအ တဲ့ပုံပေါက်နေပြီးပိုအရပ်ရှည်ပြီးပိုခန့် ညားလှတဲ့သူက......သူဘာတွေးနေလဲ ဆိုတာသူတကယ်ပဲစဉ်းစားလို့မရခြင်းသာ..

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now