CHAPTER 273

8K 1.4K 159
                                    




Zawgyi ver..











ပင်ပန်းနွမ်းနယ်လျက်ရှိသော ချစ်ဇနီးလေးအား လင်ယောက်ျားမှ နှိပ်နယ်ပေးခြင်း















ယူရှောင်မို ထိုသက်ကြားအိုကြီးအား အမှန်တကယ်ပင် မေတ္တာတုံးပါသည် ။






ဝိဥာဉ် ထိုးထွင်းသိမြင်ခြင်း သည် မှော်ဆရာတစ်ဦး အတွက် အလွန်တရာ ကံအကြောင်း တိုက်ဆိုင်မှသာ ရရှိနိုင်သော စွမ်းရည်ဖြစ်သော်လည်း အဖိုးအိုမှ ထိုကိစ္စအား သာမာန်ကာလျှံကာ ကိစ္စသာသာ သဘောထား၍ ပြောဆိုနေသည်၊ မသိလျှင် အဖိုးအို၏ မျက်လုံးထဲ၌ ယူရှောင်မိုတစ်ယောက် ထိုသောက်ကျိုးနည်း သိမြင်ခြင်းအား သူ၏ ဖင်ခေါင်းတွင်းမှ ဆွဲထုတ်နိုင်မည်ဟု ထင်မှတ်နေပုံပင် ။





ယူရှောင်မိုသည် အဖိုးအိုမျက်နှာအား စေ့စေ့ကြည့်၍ ထိုအတိုင်း အော်ထုတ်ပစ်ချင်သည်၊ သို့သော် စက္ကန့်အနည်းငယ်ခန့် အချိန်ယူ၍ ပြန်လည်သုံးသပ် ဆင်ခြင်ပြီးသော် မတတ်နိုင်ပဲ မြိုသိပ်ရန်သာ ဆုံးဖြတ်လိုက်ရသည် ။










အဖိုးအိုသည် သူ့အား ဆူပူပြီးနောက် မျက်လုံးများမှိတ်ကာ သူ့အလုပ်သူ ဆက်လုပ်နေသဖြင့် ယူရှောင်မိုသည်လည်း ကိုယ့်အားကိုယ် ကိုးရတော့မည် ဖြစ်သည်၊ သေချာတာတစ်ခုမှာ သူ၏ ဝိဥာဉ်စွမ်းအင်ကိုတော့ ထုတ်သုံး၍ ရမည်မဟုတ်..၊ အဘယ်ကြောင့်ဆိုသော် မှော်ဆရာများ၏ ဝိဥာဉ်စွမ်းအင်သည် အချင်းချင်း ဘယ်သောအခါမျှ သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူသာ ဝိဥာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်ပါက အဖိုးအို၏ ဆေးဖော်စပ်နေသော ဝိဥာဉ်အား ရန်သွားစသလိုဖြစ်၍ အခန့်မသင့်လျှင် အတိုက်အခိုက်ပင် ခံရနိုင်သေး၏၊ ထို့ကြောင့် သူ၏ ဝိဥာဉ်စွမ်းအင်အား အသုံးပြု၍ မဖြစ်ပေ ။


ဤသို့ဆိုလျှင် အဘယ်နည်းဖြင့် ၎င်း ထိုးထွင်းသိမြင်ခြင်း အား နှိုးဆွရပါမည်နည်း?

ယူရှောင်မို သူ၏ခေါင်းအား သွေးထွက်လုနီးပါးအထိ ဖြစ်အောင် ကုတ်ခြစ်နေသော်ပါသော်ငြား မည်သည့် အကြံအဥာဏ်မှ  ထွက်မလာပေ၊ ထို့နောက် ကြံရာမရတော့သဖြင့် အဖိုးအို လုပ်သည့်အတိုင်း လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်၊ ယူရှောင်မို မျက်လုံးမှိတ်လိုက်သောအခါ သူမြင်ရသမျှမှာ ပိန်းပိတ်အောင် မှောင်မဲနေသော အမှောင်ထုကြီးသာ ဖြစ်သည် ။



The Legendary Master's Wife (Myanmar Translation)Where stories live. Discover now