CHAPTER 318

5.4K 986 22
                                    

Zawgyi ver..


ထူးဆန်းသောလူသုံးယောက်



ကျိုးလင်အား မေးမြန်းပြီးသောအခါ လင်းရှောင်တို့သည် ၎င်းတို့၏နောက်ခံနှင့် အဘယ်ကြောင့် ဤနေရာရောက်နေရသည်အား သိရှိသွားတော့သည် ။

ထိုသူများသည် ငါးပျံဂိုဏ်းမှဖြစ်ပြီး ယန်မြို့၏ မည်သည့်အင်အားကြီးအုပ်စု လက်အောက်ခံမှ မဟုတ်ပေ၊ ၎င်းတို့သည် အဆုံးမဲ့ပင်လယ်ကမ်းစပ်ရှိ အင်အားစုတစ်စုမှ လာကြခြင်းဖြစ်သည် ။

အဆုံးမဲ့ပင်လယ်သည် ဤနေရာနှင့် ငါးထောင်ကီလိုမီတာဝေးသော တောင်တန်းများ၏ အဆုံး၌ တည်ရှိသည်၊ ၎င်းမှာ အဆုံးမရှိသော ပင်လယ်ကြီးဖြစ်သဖြင့် မည်သူမှ ၎င်း၏အကျယ်အဝန်းအား မသိကြပေ၊ ထိုပင်လယ်ကမ်းစပ်၌ မြို့တစ်မြို့ရှိပြီး ငါးပျံဂိုဏ်းသည် ထိုမြို့တွင်းမှလာသော အင်အားစုတစ်စုဖြစ်သည် ။

ထိုမြို့သည် ယန်မြို့နှင့်ယှဉ်လျှင် အလွန်သေးငယ်ပြီး ထိုမြို့မှလူများသည် တစ်ခါတစ်လေ တောင်တန်းများပေါ်သို့ အမဲလိုက်ရန် ထွက်လာကြလေ့ရှိသည်၊ ထို့ကြောင့် ၎င်းတို့နှင့် တွေ့ဆုံမိခြင်းဖြစ်သည်၊ လင်းရှောင်နှင့် ယူရှောင်မိုတို့သည် မြောက်အရပ်သို့ သွားရန်သာ စိတ်လောနေသဖြင့် ၎င်းတို့ပြောသည့်အရာများအား သိပ်နားမလည်လိုက်ပါချေ ။

ယူရေဗာင်မိုသည် လင်းရှောင် အဘယ်ကြောင့် ၎င်းတို့အားကယ်ရန် ဆုံးဖြတ်လိုက်ရသည်အား နားလည်သဘောပေါက်စ ပြုလာသည်၊ ငါးပျံဂိုဏ်းအတွက်မူ တောင်တန်းများမှာ ပုံမှန်အရာတစ်ခုသာဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ဦးတည်ချက် မည်သည့်နေရာတွင် ရှိနေနိုင်မှန်း သိနိုင်လောက်ပေသည် ။

ကျိုးလင်သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလာ၏ ။

" ဒီကလူကြီးမင်းတို့က တောက်ရှင်းအကယ်ဒမီက ကျောင်းသားတွေလား "

သူ၏ သံသယမေးခွန်းအတွက် အပြစ်တင်၍မရပေ၊ အဘယ်ကြောင့်ဆိုသောာ် လင်းရှောင်မှာ သန်မာလွန်းနေသောကြောင့်ပင်၊ တောက်ရှင်းသည် ထူးချွန်သန်မာသော ကျောင်းသားများဖြင့် ပြည့်နှက်နေသော်လည်း ယူရှောင်မိုမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျောင်းသားဖြစ်ကြောင်း သိသာထင်ရှား၏၊ သို့သော် သူသည် လင်းရှောင်ကဲ့သို့ သန်မာသည့်ကျောင်းသားမျိုးတစ်ခါမှ မမြင်ခဲ့ဘူးပေ ။

The Legendary Master's Wife (Myanmar Translation)Où les histoires vivent. Découvrez maintenant