CHAPTER 292

7.1K 1.4K 76
                                    




Zawgyi ver..

အတင်းအကြပ်ဖိအားပေးအကျပ်ကိုင်ခြင်း



ထိုအချိန်ခဏအတွင်း ယူရှောင်မို ကြမ်းပြင်နှင့်မျက်နှာ မိတ်မဆက်မိစေရန် မနည်းဒူးထောက်၍ ထိန်းလိုက်ရသည် ။


သို့သော် ဒူးထောက်ချလိုက်ရသည်မှာလည်း မသက်သာလှသဖြင့် မျက်ရည်များပင် ဝဲချင်လာသည် ။


ချောင်းမြောင်းတိုက်ခိုက်သူ ထျန်းဇီရှင်းမှာ ထိုအဖြစ်အပျက်အားမြင်သောအခါ စိတ်ကျေနပ်ပုံမရပဲ ယူရှောင်မိုအား ဆက်လက်တိုက်ခိုက်ရန်ပြင်၏၊ သို့သော် ထုံယွယ်ရွှီမှ သူ့အားပိတ်ဆို့တားဆီးနေသော လူနှစ်ယောက်ကိုတိုက်ထုတ်၍ သူမယူရှောင်မိုအား ထပ်မံမတိုက်ခိုက်နိုင်စေရန် လာရောက်တားဆီလေသည် ။


" ထျန်းဇီရှင်း မင်းအရမ်းအောက်တန်းကျတာပဲ! "

ထုံယွယ်ရွှီမှ အထင်သေးစက်ဆုပ်စွာဆိုလိုက်သည် ။




သို့သော် ထျန်းဇီရှင်းသည် မျက်နှာတစ်ချက်ပျက်မသွားပဲ နှာတစ်ချက်မျှသာ ရှုံ့လျက်..

" ကြိုးဝိုင်းတိုက်ပွဲတွေဆိုတာအမြဲဒီလိုပဲဟာ.. မဟုတ်မှလွဲ.. တစ်စုံယောက်ကများ သက်ညှာပေးလိမ့်မယ်လို့ မျှော်လင့်နေတာလား?  ထုံယွယ်ရွှီ.. ဒီလိုအဖြစ်မျိုး ကြုံလာရလိမ့်မယ်လို့ အရင်ကတည်းကကြိုတွက်ထားခဲ့ရမှာပေါ့ "



" မင်းကိုယ်တိုင်နှုတ်က ဒီလိုစကားပြောထွက်လာပြီဆိုမှတော့ သက်ညှာမပေးနိုင်တဲ့အတွက် ငါ့ကိုအပြစ်မမြင်နဲ့တော့.. "


" နင့်ကိုယ်နင် အထင်သိပ်ကြီးလွန်းနေတာပဲ ထုံယွယ်ရွှီ.. အရင်ပြိုင်ပွဲတွေကိုပြန်ကြည့်လိုက်ရင် နင်ကငါ့ပြိုင်ဘက်အဆင့်မှာတောင်မရှိဘူးနော် "


" ရှိမရှိဆိုတာ ငါတို့တိုက်ကြည့်မှသိရမှာပေါ့ "

ထိုသို့ပြောပြီးနောက် ထုံယွယ်ရွှီဘက်မှ တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်သည်၊ သို့သော် မထင်မှတ်ပဲ ယူရှောင်မိုမှ သူ့အား တားဆီးလာ၏ ။

" နေပါဦး "

ယူရှောင်မို နာကျင်မှုအား အံတုရင်း ကြိုးစားမတ်တပ်ရပ်လာသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now