CHAPTER 242

8.8K 1.5K 76
                                    



Zawgyi ver...






ပြင်းထန်တဲ့ လေပြင်းတစ်ချက် 🍁🍃🌪🌪



(Tn: တောက်ရှင်းမှာက ကျောင်းသားတွေရောကျောင်းသူတွေရောရှိပါတယ် ဒါမယ့်ရေးရတာရှုပ်လို့ အကုန်လုံးကို ကျောင်းသားလို့ပဲသုံးလိုက်ပါတယ် ဖြည့်တွေးပေးကြပါနော်)

ထုံယွဲ့ရှူ သည် ယူရှောင်မိုအား အံ့သြမှုများစွာဖြင့် ကြည့်လိုက်လေ၏၊ ဒီကောင်လေးအား ကြည့်နေရင်းဖြင့်ပင် ပို၍ပို၍ နားမလည်နိုင် ဖြစ်လာရလေ၏။

ထိုအချိန်တွင် ပိုင်လီရှောင်ယွီသည် သူ၏ ခံစားချက်များအား ထိန်းချုပ်မထားပဲ အခန်းတွင်းရှိ ကျောင်းသားအားလုံး၏ အတွေးထဲရှိ တူညီသော အကြောင်းအရာတစ်ခုအား သူ၏ တလက်လက်တောက်ပနေသော မျက်ဝန်းများအား ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း ထုတ်ပြောချလိုက်လေတော့၏။



" ရှောင်မို မင်းက တစ်ယောက်ခန်းကို အမြန်ပြောင်းနိုင်လိုက်တာပဲ!

သိပ်အံ့သြဖို့ကောင်းတယ် ဝါး ^0^  "


သူ၏ ချီးကျူးမှုကြောင့် ယူရှောင်မို အနည်းငယ် ရှက်ရွံသွားရလေသည်။

အဲ့ကိစ္စအတွက်ဆိုရင် လင်းရှောင်ရဲ့ အကူအညီကို ကျိန်းသေပေါက် ကျေးဇူးတင်ရမှာပေါ့.. သူလွှဲပေးလိုက်တဲ့ အမှတ်၁၅၀ ကြောင့်သာမဟုတ်ရင် ဒီအချိန်မှာ ငါလေးလည်း အမှတ်တွေရှာဖို့ ရုန်းကန်နေရမှာ သေချာသလောက်ပဲ။





" ငါအခန်းငှါးဖို့ သုံးလိုက်တဲ့အမှတ်တွေက ငါ့မိတ်ဆွေရဲ့ အမှတ်တွေပါ "

ယူရှောင်မိုက ရှင်းပြလေသည်။

" မိတ်ဆွေ ? "

ပိုင်လီရှောင်ယွီသည် ယူရှောင်မိုအား စိုက်ကြည့်လိုက်ပြီး

" မင်းပြောချင်တာက အဲ့ဒီ.. စီနီယာစွန်းကျဲကို စိန်ခေါ်သွားတဲ့ အဲ့ဒီ .. တစ်ယောက်က မင်းမိတ်ဆွေပေါ့ ဟုတ်လား ? "



" မင်းဘယ်လိုလုပ် သိတာလဲ ?! "

ယူရှောင်မို အံ့သြသွားရလေသည်။







ပိုင်လီရှောင်ယွီက ချက်ချင်းပင်

" သိတာပါ့ မင်းမိတ်ဆွေနဲ့ စီနီယာတို့ရဲ့ ပြိုင်ပွဲက ဧရိယာ၂မှာ ဒီလောက် ပျံ့နေတာ.. အခုဆို လူတွေအကုန်လုံးတောင် သိပြီးနေလောက်ပြီ "







The Legendary Master's Wife (Myanmar Translation)Where stories live. Discover now