CHAPTER 264

8.7K 1.5K 133
                                    



Zawgyi ver..




သေလောက်အောင်ဈေးကြီးတာပဲ!









စွမ်းရည် လေ့ကျင့်ရေးခန်းမ နှင့် ဝိဥာဉ် လေ့ကျင့်ရေးခန်းမ တို့သည် စွမ်းအင်အလွှာ တစ်ခုတည်းအောက်တွင် တည်ရှိသော်လည်း ၎င်းတို့ တည်ရှိနေသည့် နေရာခြင်းတော့ မတူညီကြပေ ။

ယူရှောင်မို သွားရောက် လည်ပတ်လိုသော ခန်းမမှာ စွမ်းရည် လေ့ကျင့်ရေး ခန်းမဖြစ်သည်၊ စွမ်းအင်အလွှာအား ဖြတ်သန်းဝင်ရောက်ပြီးနောက် ၎င်းတို့သည် ရှေးကျသော အပြင်အဆင် အငွေ့အသက် များဖြင့် ပြည့်နှက်လျက်ရှိသော ညာဖက် လမ်းမတစ်လျှောက် လျှောက်လှမ်းလာခဲ့ကြသည်၊ " စွမ်းရည် လေ့ကျင့်ရေး ခန်းမ " ဟူသော ဆိုင်းဘုတ်သည် လမ်းအဝင်ဝ၌ ဝင့်ကြွားစွာ ချိတ်ဆွဲထားလျက် ရှိပေသည် ။

လင်းရှောင်သည်လည်း ဝိဥာဉ်လေ့ကျင့်ရေး ခန်းမနှင့် ပတ်သက်၍ အနည်းငယ်မျှ စိတ်မဝင်စားပါပေ၊ သူ့အတွက် ဤခန်းမအတွင်းရှိ လေ့ကျင့်ရေးကျမ်းများ တစ်ခုမျှ မလိုအပ်ပေ၊ လင်းရှောင်သည် မွေးဖွားလာစဉ်ကတည်းက သူ၏ မှတ်ဥာဏ်အတွင်း၌ သူတို့မျိုးနွယ်နှင့် သက်ဆိုင်သော ဝိဥာဉ်လေ့ကျင့်ရေး စွမ်းရည်များအား အလိုအလျောက် အမွေလက်ခံ ရရှိပြီးဖြစ်သည်၊ ထို့ပြင် ၎င်းစွမ်းရည်များသည် ခန်းမအတွင်းရှိ လေ့ကျင့်ရေး ကျမ်းများထက်ပင် ပိုကောင်းပေသေးသည် ။


စွမ်းရည် လေ့ကျင့်ရေး ခန်းမအား ထူးခြားသော သစ်တစ်မျိုးဖြင့် တည်ဆောက်ထားပြီး ခန်းမတစ်ခုလုံး၏ အပြင်အဆင်မှာ ရိုးရိုးစင်းစင်း အရှိန်အဝါမျိုးသာ ရှိပေသည် ။

ယူရှောင်မို လမ်းလျှောက်ဝင်သွားသောအခါ သင်းပျပျ သစ်သားနံ့တစ်မျိုးက သူ၏ နှာခေါင်းဝအား လာရောက် ကျီစယ်၏၊ ဆိုးရွားသည့် အနံ့မျိုး မဟုတ်ပဲ စိတ်အပန်းပြေစေနိုင်သည့် အနံ့မျိုး ဖြစ်သည် ။

ခန်းမ၏ ကျယ်ပြန့်မှုအား မြင်ရသောအခါ ယူရှောင်မို အံ့သြနေသော အမူအယာအား ထိန်းချုပ်မထားနိုင်တော့ပါချေ၊ သူ့သက်တမ်းတစ်လျှောက်၌ ထိုမျှလှပသော ခန်းမအား မမြင်ဖူးခဲ့၊ ခန်းမအတွင်းပိုင်းအား ပင်လယ်ပြာရောင် သစ်သားတစ်မျိုးဖြင့် အလှဆင် တည်ဆောက်ထားပြီး ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ပင်လယ်ရေအောက်အတွင်း၌ လမ်းလျှောက်နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေလေသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now