CHAPTER 235

9.9K 1.5K 107
                                    




Zawgyi ver..







အနက်ရောင်ကဒ်များ









တန်းခွဲတစ် နှင့် တန်းခွဲနှစ်တို့သည် ကျောင်းခွဲနှစ် တစ်ခုတည်းအတွင်း၌ တည်ရှိကြသော်လည်း နေရာချင်းတော့ မတူကြ ။

တောက်ရှင်းအကယ်ဒမီသို့ ရောက်လျှင်ရောက်ချင်း ယူရှောင်မိုနှင့် လင်းရှောင်တို့  လူစုခွဲလိုက်ရသည်၊ လင်းရှောင်မှာ သိုင်းပညာသင်ယူရမည် ဖြစ်သောကြောင့် တန်းခွဲတစ်မှ ဆရာမနောက်သို့ လိုက်ရမည် ဖြစ်သည် ။

သိပ်မကြာမီတွင် လုယွီပါဝင်သော အဖွဲ့အား သယ်ဆောင်လာသည့် ဧရာမမီးငှက်လည်း ဆိုက်ရောက်လာသည်၊ လုယွီနှင့် လင်းရှောင်မှာ သိုင်းပညာသင်ယူရမည်ချင်း တူသောကြောင့် အတူတကွ ထွက်ခွာသွားကြသည် ။

လင်းရှောင်၌ ပုန်ကန်ငြင်းဆန်လိုခြင်း အရိပ်အယောင် တစ်စုံတစ်ရာ မတွေ့မှသာ ယူရှောင်မို သက်ပြင်းချနိုင်သည်၊ လင်းရှောင်မှ သူနှင့်မခွဲနိုင်ပဲ အတူသွားချင်သည်ဟု ပြသနာရှာမည်အား အလွန် စိုးရိမ်နေမိသည်၊ ကြည့်ရသည်မှာ မလိုအပ်ပဲ လျှောက်တွေးပူနေမိပုံပင် ။

ခဏကြာသော် ဆရာမနင်ကျင်းမှ လူရေတွက်ခြင်း ပြီးဆုံးကာ တပည့်များအား ဦးဆောင်၍ တောက်ရှင်းအကယ်ဒမီတွင်းသို့ ဝင်ကြသည်၊ တောက်ရှင်းအကယ်ဒမီတွင် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် နေ့စဉ်ကင်းလှည့် အစောင့်တပ်ဖွဲ့ရှိပြီး စစ်ဆေးရေးများကိုလည်း တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိကြ‌ပေသည် ။

စစ်ဆေးရေးဂိတ် တစ်ခုချင်းစီတိုင်းတွင် အတည်ပြု စစ်ဆေးခံပြီးသောအခါ ထပ်မံ၍ တောက်ရှင်းအကယ်ဒမီ ရှေ့တံခါးပေါက်သို့ရောက်ရန် နာရီဝက်မျှ လမ်းလျှောက်ရသည်၊ အရှေ့တံခါးပေါက်မှ ဝင်သောအခါ အလွန်တရာရှည်လျားလှသော လမ်းတစ်ခုအား တွေ့လိုက်ရ၏၊ ထိုလမ်း၏ ဘေးပတ်လည်နံရံများအား အဖိုးတန်ကျောက်မျက်မျိုးစုံဖြင့် တည်ဆောက်ထားပြီး ထိုမျက်နှာပြင်မှ စိတ်စွမ်းအင် အလွှာပါးတစ်ခုကိုလည်း ထုတ်လွှတ်လျက်ရှိပေသည် ။

ထိုအချင်းအရာအား မြင်သောအခါ ယူရှောင်မိုတစ်ယောက် ဆွံ့အ‌နေမိတော့သည်၊ ထိုလျှောက်လမ်းမှာ မီတာတစ်ထောင်ကျော် ရှည်လျားပြီး အနံမှာ မီတာတစ်ရာနီးပါး ကျယ်ဝန်းသည်၊ ထိုဧရိယာတစ်ခုလုံးအား စိတ်စွမ်းအင် ထုတ်လွှတ်နိုင်သော ကျောက်မျက်ရတနာများ အပြည့်စီခြယ်ထားပေရာ တောက်ရှင်းအကယ်ဒမီအား အသုံးအဖြုန်းကြမ်းသည်ဟုပင် ကောက်ချက်ချနိုင်‌ပေသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now