CHAPTER 255

9.1K 1.6K 225
                                    




Zawgyi ver.


ပိုင်လီထျန်ယီ ....







" အကိုကြီးလင်း .. ကျွန်တော်တို့မှာ အကိုကြီးလင်းကို စောင့်နေရတာ တော်တော်ကြာနေပီ .. အပြင်ထွက်လာဖို့ ဘာလို့အဲ့လောက်တောင် ကြာနေရတာလဲ? "

ယူရှောင်မိုနှင့် လင်းရှောင်တို့ကြားရှိ အပေးအယူမျှလျက် ရှိနေသော လေထုအား ရှုယွင်းမှ စတင်ဖြိုခွဲလိုက်သည်၊ ၎င်းတို့နှစ်ယောက်တည်း စကားတပြောပြောနှင့် ပျော်ရွှင်ကြည်နူး တစ်တီတူးနေကြသည်အား ဒီအတိုင်း ရပ်မကြည့်နေနိုင်ပါပေ ။

လက်းရှောင် နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ရှုယွင်း၏ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော အကြည့်များအား မြင်လိုက်ရသည်၊ ထို့နောက် လင်းရှောင်သည် ပြုံးလိုက်ကာ..

" မင်းတို့ ဘာလို့ ဒီမှာ ရှိနေကြသေးတာလဲ? .. စိတ်မရှိပါနဲ့  .. ငါ့မှာ နောက်ထပ် လုပ်စရာတွေ ရှိလာခဲ့ရင် မင်းတို့ကို ခေါ်လိုက်မယ် .. အခုတော့ အားလုံး သွားကြတော့.. အမှတ်တွေကိုတော့ အားလုံးရောင်းလို့ပီးသွားတဲ့ အခါကျရင် ခွဲပေးလိမ့်မယ်.. ကဲ ပြောစရာရှိတာ ပြောပီးပီဆိုတော့ ငါတို့ အရင် သွားတော့မယ် "

ထို့နောက် လင်းရှောင်သည် ရှုယွင်းနှင့် အခြားသူများထံမှ စကားပြန်အား မစောင့်ပဲ ယူရှောင်မို့ ပခုံးအား ဖက်ကာ ထိုနေရာမှ ထွက်သွားလေသည် ။

၎င်းတို့ လှည့်ထွက်သွားပြီးနောက် ရှုယွင်းတစ်ယောက် ယမ်းမီးပုံကျ ပေါက်ကွဲနေလေရာ ဆိုးဆိုးရွားရွားကိစ္စ တစ်စုံတစ်ရာ ပြုလုပ်လိုက်မည်ကို စိုးရိမ်သောကြောင့် အနီးမှ လူများမှ ဝိုင်းဝန်း ထိန်းကျောင်းနေရသည် ။








အခြားသူများ မမြင်နိုင်သော နေရာသို့ရောက်သောအခါ ယူရှောင်မိုမှ လင်းရှောင်အား သူအလွန်အမင်းသိချင်နေသော မေးခွန်းတစ်ခုကို ထုတ်မေးသည် ။

" ခင်ဗျားနဲ့ အဲ့ဒီ ရှုယွင်းနဲ့ ဘယ်လိုသိတာလဲ? "

လင်းရှောင်မှ ပြုံးစစဖြင့်..

" သဝန်တိုနေတာလား? "

" ဘယ်သူက သဝန်တိုနေလို့လဲ?!   ကျွန်တော်က ဒီအတိုင်း . . "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now