CHAPTER 251

8.8K 1.7K 156
                                    




Zawgyi ver.

မကျေပွဲဟောင်းများ . . .









" လင်းရှောင် အပြင်ထွက်သွားတယ်! ဘယ်တုန်းက ထွက်သွားတာလဲ? ဘာလုပ်ဖို့သွားတာတဲ့လဲ? "

ယူရှောင်မို လင်းရှောင်အဆောင်သို့ ရောက်သောအခါ အဆောင်တွင်းသို့မဝင်ရသေးမီပင် လင်းရှောင်မရှိကြောင်း သိလိုက်ရ၏၊ လင်းရှောင်သည် မနေ့ကတည်းက အပြင်ထွက်သွားခြင်းဖြစ်သည်ဟု သိရသည် ။


" ဘာလို့အဲ့လောက်တောင် လိုက်မေးနေရတာလဲ? "

ယူရှောင်မိုအား လင်းရှောင်သတင်း ပြောပြသော လူငယ်လေးသည် အသက် ဆယ့်ကိုးနှစ်ခန့်သာ ရှိပေဦးမည်၊ ယူရှောင်မိုသည် ဘာမျှမစဉ်းစားပဲ ပေါ့ပေါ့ပါးပါးသာ မေးလိုက်ခြင်းဖြစ်သော်ငြား ထိုလူငယ်လေးမှ ယခုကဲ့သို့ ကပ်ကပ်လန် ရန်တွေ့လာလိမ့်မည်ဟု မထင်မိခဲ့၊ ၎င်းမှ ယူရှောင်မိုအား သတိအနေအထားဖြင့်ပင် ပြန်လည် အကဲခတ်နေသေးတော့၏၊ သို့သော်ငြား ယူရှောင်မိုသည် သူအဘယ်ကြောင့် ဤကဲ့သို့ အခြေအနေမျိုး ရောက်နေရသည်အား သဘောမပေါက်သေးပေ ။


နောက်မှ သူသည် သူနှင့်လင်းရှောင်၏ ဆက်ဆံရေးအား အခြားသူများ မသိကြလောက်သေးကြောင်း ပြန်စဉ်းစားမိသွားရ၏ ။

၎င်းတို့နှစ်ယောက် အတူရှိခဲ့ဖူးသည်မှာ မှော်ဆေးလုံးအရောင်းတန်းနှင့် အကြီးအကဲကောင်း၏ အခန်းငှါးဌာနတို့တွင်သာ ဖြစ်သည်၊ ထိုနှစ်နေရာမှလွဲ၍ အခြားနေရာများသို့ နှစ်ယောက်တွဲ၍ မသွားလာဖူး၊ ထို့ကြောင့် ၎င်းတို့နှစ်ယောက်၏ ဆက်ဆံရေးသတင်းသည် အခြားသူများထံသို့ မပျံ့နှံ့သေးသည်မှာ သဘာဝကျသည် ။


ယူရှောင်မိုမှ ..

" သူကငါ့သူငယ်ချင်းလေ .. ငါသူနဲ့ကိစ္စနည်းနည်းရှိလို့ "

ထိုလူငယ်သည် သူ့စကားအား ချက်ချင်းမယုံသေးပဲ သံသယမျက်လုံးဖြင့်ကြည့်ကာ မေးခွန်းများထပ်မေး၏ ။

" သူငယ်ချင်း? အကိုကြီးလင်းက ဒီကျောင်းကို မနေ့တစ်နေ့ကမှ ရောက်တာလေ .. သူ့မှာ ဘယ်တုန်းကများ 'မင်းလိုသူငယ်ချင်းမျိုး' ရှိသွားတာတဲ့လဲ? ဒါမှမဟုတ် . . .  အကိုကြီးလင်းက သန်မာပြီး နာမည်ကြီးတာကြောင့် သူ့ကိုချဉ်းကပ်ချင်လို့ သူငယ်ချင်းဆိုပီး လာလိမ်နေတာရော မဖြစ်နိုင်ဘူးလား!? "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now