CHAPTER 285

8.5K 1.4K 88
                                    



Zawgyi ver..

ပခုံးသေးသေးကလေးနှစ်ဖက်ပေါ်ရှိ ပေါင်ထောင်ချီဖိအားများ





ယူရှောင်မို ဆေးအိုးအတွင်းမှ ထွက်လာသော အစိမ်းပုပ်ရောင်ဆေးလုံးလေးအား လက်တစ်ဖက်တည်းဖြင့် လှမ်းဖမ်းယူလိုက်သည်၊ သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုနှင့် အံ့သြကျေနပ်မှုများကလည်း အထင်သား ပေါ်လွင်နေသည်၊ အမှန်တော့ သူသည်လည်း ဤဆေးလုံးအား မဖော်စပ်မှီက ယုံကြည်မှု သိပ်မရှိခဲ့ပေ ။

ယူရှောင်မို ပြိုင်ပွဲမစခင်က ဤအရိုးကြီးထွားဆေးအား ကြိုတင်လေ့ကျင့်ဖော်စပ်ခဲ့ဖူးပြီး အောင်မြင်မှုနှုန်းများမှာ သိပ်အားရစရာမရှိခဲ့..၊ ထို့ကြောင့် ဤဆေးအား စင်မြင့်ထက်တွင် တကယ် ဖော်စပ်ရမည့်အချိန် ကျရောက်လာသည့်အခါ  သူ၏ရင်ထဲ၌ အနည်းငယ် လေးလံတုံ့ဆိုင်းနေခဲ့သေးသည် ။

အကယ်၍ သူသာမအောင်မြင်ခဲ့ပါလျှင် နောက်နည်းလမ်းတစ်ခုအား ရွေးချယ်ရတော့မည် ဖြစ်သည်၊ ၎င်းမှာ အချိန်မကုန်ပဲ လျင်လျင်မြန်မြန်ပြီးစီးနိုင်မည့် အဆင့်နိမ့်ဆေးတစ်မျိုးမျိုးအား အမြန် ဖော်စပ်ရန်ဖြစ်သည်၊ အလယ်အလတ်အဆင့်ဆေးလုံးအား ယူရှောင်မိုဖော်စပ်နိုင်သော်လည်း ပြိုင်ပွဲစင်မြင့်ပေါ်တွင် ဖြစ်သောကြောင့် သူ့အတွက် အချိန်လုံလုံလောက်လောက် မရရှိနိုင်တော့သောကြောင့် ဖြစ်သည်၊ သို့သော် ကံကောင်းစွာပင် ယူရှောင်မို အဆင့်မြင့်ဆေးလုံးအား အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည် ။

သူ၏နေရာမှာ စင်မြင့်၏ အနောက်ပိုင်းကျသောကြောင့် အစစ်ဆေးခံဖို့ရာအတွက် သူ့အလှည့်ကျရန် အနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်သည် ။

ထို့ကြောင့် ယူရှောင်မို သူ၏ဆေးလုံးအားဆုပ်ကိုင်ကာ စင်အောက်တွင်ရှိနေသော လင်းရှောင်ဘက်သို့ လှည့်၍ ဝမ်းသာအားရဖြင့် လက်နှစ်ဖက်အား ဝှေ့ရမ်းပြလိုက်သည်၊ မျက်နှာထက်တွင်လည်း အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေပုံရသော အမူအယာအား ချိတ်ဆွဲလျက်သား.. ။

ထိုအခါ လင်းရှောင်သည် စင်အောက်မှနေ၍ ၎င်းအားပြန်စိုက်ကြည့်ကာ ကိုက်စားမည့်ဟန် အမူအယာမျိုး လုပ်ပြလိုက်လေသည်၊ ယူရှောင်မိုမှ ထိုအရာအားမြင်သော် လန့်ဖျတ်သွားပြီး မျက်နှာအမူအယာအား ပြန်ထိန်းလိုက်ကာ သူ၏လက်ကိုပါ ပြန်ရုတ်လိုက်ပြီး အရှေ့သို့လှည့်၍ သူ့အလှည့်ကျရန်အတွက်သာ ပြန်လည်စောင့်ဆိုင်းနေလေတော့သည် ။

The Legendary Master's Wife (Myanmar Translation)Där berättelser lever. Upptäck nu